ထားဝယ် နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ
တိုင်းရင်းသားများ၏စာပေနှင့်ယဉ်ကျေးမှုမြှင့်တင်နိုင်ရေးအတွက် သမိုင်းစာအုပ်များ၊
အဘိဓာန်စာအုပ်များ၊ တူရိယာပစ္စည်းများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက်
ကျန်းမာရေးအထောက်အကူ ပြုပစ္စည်းများနှင့်ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်း အနားကို
ယနေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌
ကျင်းပသည်။
အခမ်းအနားတွင်
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို က တနင်္သာရီတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော
တိုင်းရင်းသားလူမျိုးများအားလုံး၏စာပေ၊ အနုပညာမပျောက်ပျက်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်
ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ဦးတည်ချက်(၉)ရပ်တွင်
တစ်ချက်အပါအဝင်ဖြစ်သည့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို
လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးစသည့်အချက်ပါဝင်ပြီး
နိုင်ငံတော်အတွက်အရေးကြီး ကြောင်း၊တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏
ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ၊ တိမ်ကောပျောက်ကွယ်မှုမရှိစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်
အလေးအနက်ထားဆောင်ရွက် လျက်ရှိကြောင်း၊ လူမျိုးများ၏စာပေ၊ယဉ်ကျေးမှု၊
ရိုးရာဓလေ့မပျောက်ပျက်သရွေ့ဝတ်စားဆင်ယဉ်မှု၊ နေထိုင်မှုမပျောက်ပျက်နိုင်ကြောင်းစာပေ၊
ယဉ်ကျေးမှု၊ရိုးရာဓလေ့များကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထိုနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့က
(ကရင်၊မွန်)တိုင်းရင်းသားသမိုင်းစာအုပ်နှင့်တူရိယာပစ္စည်းများ၊ ထားဝယ်ရိုးရာ
စာအုပ်နှင့်တူရိယာပစ္စည်းများ၊ ဆလုံပုံပြ ပုံပြင်စာအုပ်များ၊ ကျန်းမာရေးအထောက် အကူပြုပစ္စည်းများနှင့်ဆန်အိတ်များ၊(ကရင်၊မွန်၊ထားဝယ်၊ဆလုံ)ကိုဗစ်-၁၉
အသိပညာပေးတိုင်းရင်းသား ဘာသာလက်ကမ်းစာစောင်များစသည်တို့ကိုပေးအပ်ရာ တာဝန်ရှိသူများက
လက်ခံရယူပြီး မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဦးသန်းထွန်းက
ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment