နေပြည်တော်၊ နိုဝင်ဘာ ၁၁
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၁) ကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊
ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက
ကိုဗစ်-၁၉
ရန်ပုံငွေမှ ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍရှိ ကုမ္ပဏီ/ လုပ်ငန်းများအား ချေးငွေထုတ်ပေးမည့်
အစီအစဉ်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ချေးငွေထုတ်ပေးရေးအတွက်
လျှောက်လွှာ ဆက်လက် လက်ခံနိုင်ရေးကိစ္စနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို
ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေးအတွက်ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ကုစားရေးလုပ်ငန်းကော်မတီသို့ တင်ပြလာသည့် အချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။
(သတင်းစဉ်)
No comments:
Post a Comment