နေပြည်တော် နိုဝင်ဘာ ၁၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ(၂)ခုမှ ယာဉ်စီးရေ(၂)စီးဖြင့် အောက်ဆီဂျင် အရည် Bowser (၁)စီး တန်(၂၀) ၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက်(Oxygen Generator) (၂)ခုနှင့် နှာခေါင်းစည်း (Mask) (၈၆)တန်တို့ကိုတင်သွင်းခဲ့ပြီး OxygenBowser ယာဉ်(၁)စီးမှာ မြဝတီကုန် သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများ နှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment