Thursday, November 11, 2021

ကချင်ပြည်နယ် တိုင်းရင်းသားရေးရာ၀န်ကြီး ဦးကျော်မင်းခိုင် ပူတာအိုမြို့နယ် ဂျိမ်းဖော့စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း ဆောက်လုပ်နိုင်ရန်အတွက် မတည်အလှူငွေ ပေးအပ်လှူဒါန်း

 


ပူတာအို    နို၀င်ဘာ    ၁၁

ကချင်ပြည်နယ်၊        ပူတာအိုမြို့နယ် ဂျိမ်းဖော့စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းရုံး ဆောက်လုပ်နိုင် ရန်အတွက် မတည်အလှုငွေ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ() နာရီက   ပူတာအိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ကျင်းပရာ ကချင်ပြည်နယ် အစိုးရအဖွဲ့    တိုင်းရင်းသားရေးရာ၀န်ကြီး ဦးကျော်မင်းခိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ပေးအပ်လှူဒါန်း အခမ်းအနားတွင် ကချင်ပြည်နယ်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးကျော်မင်းခိုင် က ပူတာအိုမြို့နယ် ဂျိမ်းဖော့စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းရုံး ဆောက်လုပ်နိုင်ရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မတည်လှူဒါန်းငွေကျပ်(၁၀)သိန်းအား လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပြီး ရ၀မ်၊ လီဆူ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှလည်း အလှူငွေကျပ် နှစ်သိန်းစီအား မြို့နယ်ဂျိမ်းဖော့စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း တာ၀န်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဖော်လုလ၀မ်က အလှူရှင် ဦးစိုင်းလတ်မှ မြို့နယ်ဂျိမ်းဖောစာပေနှင့် ယဉ်ကျေးမှုအသင်းရုံး ဆောက်လုပ်ရန်အတွက် လှူဒါန်းငွေ ကျပ်သိန်း(၅၀)ကို အလှူရှင်ကိုယ်စား မြို့နယ်ဂျိမ်းဖော့ စာပေနှင့် ယဉ်ကျေးမှုအသင်း တာ၀န်ရှိသူများထံ လွှဲပြောင်းပေးအပ်လှူဒါန်းရာ ယဉ်ကျေးမှုအသင်း တာ၀န်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ကချင်ပြည်နယ် တိုင်းရင်းသားရေးရာ၀န်ကြီး ဦးကျော်မင်းခိုင်က ပန်းဥယျာဉ်ပရဟိတ အဖွဲ့သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် လက်အိတ်နှင့် ခြေအိတ်အစုံ (၅၀၀)အား လွှဲပြောင်းပေးအပ်ခဲ့ပြီး ဂျိမ်းဖော့စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းမှ တာ၀န်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


No comments:

Post a Comment