နေပြည်တော် နိုဝင်ဘာ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူ တက္ကသိုလ်နှင့် တောင်ငူပညာရေး ဒီဂရီ ကောလိပ်တို့၌ အသစ်ခန့်အပ်သော တက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာ ဆရာမသစ်လွင်များ၊ အခြေခံပညာ ဆရာ ဆရာမ သစ်လွင်များနှင့် အဆိုပါတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမနှင့် မြတ်ပညာခန်းမတွင် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်
အနေဖြင့်လည်း ဆရာ ဆရာမ သစ်လွင်များ ခန့်ထားနိုင်ခြင်း အတွက် များစွာဝမ်းမြောက်ရ ကြောင်းကို
ပြောကြားခဲ့ပါ ကြောင်း၊ ဆရာ ဆရာမများအနေ ဖြင့် နိုင်ငံ့ဝန်ထမ်းဖြစ်လာသည့် အလျောက် ဝန်ထမ်းစည်းမျဉ်း၊
စည်းကမ်းများကို သိရှိလိုက်နာ ကြရမည်ဖြစ်သည့် အတွက် နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊
စီမံရေးရာကိစ္စရပ်များကို ယခု သင်တန်းတွင် လေ့လာခွင့်ရရှိ မည် ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်း
ဖြစ်၍ ပါတီနိုင်ငံရေးကင်းရှင်း ကြရမည်ဖြစ်ပြီး မည်သည့်အစိုးရ တက်တက် နိုင်ငံအရေးဖြစ်သော
ပညာရေးတိုးတက်အောင် ဆောင် ရွက်ရမည်မှာ ပညာရေးဝန်ထမ်း ဆရာ ဆရာမများပင် ဖြစ်ပါ ကြောင်း၊
ဆရာ ဆရာမများသည် နိုင်ငံတော်အပေါ် သစ္စာရှိကြရမည် ဖြစ်ပါကြောင်း။
ဆရာဆရာမဆိုသည်မှာ မိမိ ကိုယ်ကိုထာဝရကျောင်းသားကြီး
အဖြစ်သတ်မှတ်၍ အမြဲတမ်း လေ့လာသင်ယူ နေကြရမည် ဖြစ် ပါကြောင်း၊ မိမိတို့ကိုယ်တိုင် သေသေချာချာ
တတ်ကျွမ်းမှ ကျောင်းသား ကျောင်းသူများကို စာတတ်အောင် သင်ကြားပေးနိုင် မည်ဖြစ်ပါကြောင်း၊
နိုင်ငံတွင် ပညာတတ်များ ပေါများအောင် ပြုစုပျိုးထောင် ပေးကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား
ကျောင်းသူများ မေးသမျှ မှန်မှန် ကန်ကန်ဖြေနိုင်အောင် မိမိတို့ ကိုယ်တိုင် တကယ်သိအောင်၊
တကယ်တတ်အောင် လေ့လာ၍ စေတနာအပြည့်ထားကာ သင်ကြားပေး စေလိုပါကြောင်း၊ ဆရာ ဆရာမများသည်
တာဝန် ကျရာဒေသတွင် တွေ့ကြုံရသည့် တပည့်များကို ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိဘဲ သင်ယူမှုအခွင့်
အလမ်းများတစ်ပြေးညီရရှိအောင် ဆောင်ရွက် ပေးကြစေလိုပါ ကြောင်း၊ ကျောင်းသား ကျောင်းသူ
များအား ရိုးသားကြိုးစားပြီး လောကကို အလှဆင်နိုင်သူ၊ တိုင်းပြည်တိုး တက်အောင်ဆောင်
ရွက်နိုင်သူများဖြစ်အောင် ပျိုး ထောင် မွေးထုတ်ပေးကြစေလို ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က
ဆရာ ဆရာမများအနေဖြင့် စာများများ ဖတ်ရန် တိုက်တွန်းပြောကြား ပြီး ဆက်လက်၍ ဒုတိယဝန်ကြီး
ဦးဇော်ဝင်းက ဆရာ ဆရာမ အလုပ်သည် အလွန်မွန်မြတ်သော အလုပ်ဖြစ်ပါကြောင်း၊ အနန္တ ဂိုဏ်းဝင်ဆရာများ ဖြစ်သည်နှင့်
အညီ အဝတ်အစား၊ အပြောအဆို၊ အနေအထိုင်ကို ဆရာ့ကျင့်ဝတ် နှင့်အညီ ပြုမူကြစေလိုပါကြောင်း
ပြောကြားသည်။
ယင်းနောက် ပညာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဒေါက်တာ စိုးဝင်း၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်း၊
အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်စွာသွင်၊ ဆရာ အတတ်ပညာဦးစီးဌာန ဒုတိယ
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မေစန်းရီတို့က နှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာမြတ်ညွန့်က တောင်ငူတက္ကသိုလ် ဖွဲ့စည်းပုံကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် အသစ်ခန့်အပ်သည့်
နည်းပြ၊ သရုပ်ပြနှင့်အခြေခံပညာ ဆရာ ဆရာမသစ်လွင်များအား
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးသည်
တောင်ငူမြို့ အခြေခံပညာအထက်တန်းကျောင်း (နတ်စင်ကုန်း)သို့ သွားရောက်၍ စာသင်ခန်းအတွင်း
ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု များကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်း
ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် တောင်ငူတက္ကသိုလ်တွင်
ပါမေက္ခချုပ်၊ ဒုတိယပါမေက္ခချုပ်များ၊ ပါမေက္ခ/ဌာနမှူးများ၊ ရာထူးတိုးမြှင့်ခန့်ထားခံရသော
ပါမေက္ခများ တွဲဖက် ပါမေက္ခများနှင့် တွေ့ဆုံ၍ ဒီဇင်ဘာလတွင် တက္ကသိုလ် အတန်းများကို
အဆင့်လိုက် စတင် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင် ဆင်ဆောင်ရွက်ထား ကြစေလိုပါကြောင်း၊
တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း သာယာရေး၊ စိမ်းလန်းစိုပြည်ရေး တို့ကို
အလေးထားဆောင်ရွက် စေလိုပါကြောင်း၊ ပါမောက္ခ/ဌာန မှူးများအနေဖြင့် ကိုယ်ချင်းစာ တရားဖြင့်
စီမံအုပ်ချုပ်စေလိုပါ ကြောင်း၊ အားလုံးသည် ပညာရေး တိုးတက်အောင် ဆောင်ရွက်နေ ကြသည့် လက်တွဲဖော် ပညာရေး
ဝန်ထမ်းများဖြစ်၍ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်
ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုပါကြောင်း တက္ကသိုလ်စာကြည့်တိုက် စာအုပ် များ၊ ပရိဘောဂများ
ပြည့်စုံအောင် ဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို အမှန်တကယ် အကျိုးရှိထိရောက် စွာ သုံးစွဲကြ စေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား လက်တွေ့ကိုင်တွယ် သုံးစွဲတတ်
အောင် လေ့ကျင့်ပေး ရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက်တက်ရောက်လာ သည့် ဆရာ ဆရာမများက
သိရှိ လိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး၊
ဒုတိယ ဝန်ကြီးနှင့်သက်ဆိုင်ရာတာဝန်ရှိသူ များက ပြန်လည်ဆွေးနွေးဖြေကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment