ယနေ့ကာလတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဂယက်ရိုက်ခတ်မှုအမျိုးမျိုး ရှိသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ဂယက်ရိုက်ခတ်မှုကြောင့် လူမှုစီးပွားဘဝများတွင် အခက်အခဲများရှိသည်။ အလုပ်အကိုင်မလည် ပတ်မှု၊ ငွေကြေး ဂယက်ရိုက်ခတ်မှု တို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုစီးပွားရေးဘဝတွင် အခက်အခဲများရှိသည်။ ထို့ကြောင့် အစစအရာရာတွင် ခြိုးခြံချွေတာခြင်းဖြင့် တည်ငြိမ်မှုရှိအောင် ပြုလုပ် ရမည်ဖြစ်သည်။
နိုင်ငံတော်နှင့်ပြည်သူလူထု နေ့စဉ်မပြတ်
မဖြစ်မနေသုံးစွဲနေရသောကိစ္စမှာ လျှပ်စစ်မီးသုံးစွဲခြင်းဖြစ် သည်။ ယနေ့အချိန် အခါတွင်
အဘက်ဘက်၌ ငွေကြေး လိုအပ်မှုမြင့်မားနေသောအချိန်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှင့်
ဝန်ဆောင်မှု တို့သည်လည်း အရေးကြီးသောကိစ္စဖြစ်လာသည်။ နိုင်ငံတော်အနေဖြင့် လျှပ်စစ်
ဓာတ်အား အပြည့်အဝ ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက် ပေးနေသလို ပြည်သူများ၏လျှပ်စစ်ဓာတ် အားသုံးစွဲမှုနှင့်
မီတာခပေး ဆောင်မှုအပိုင်း၌ စိန်ခေါ်မှု များရှိနေသည်။ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်သည့်
စိန်ခေါ်မှုများကို ကျော်လွှား နိုင်ရန် ခြိုးခြံချွေတာရေး ကို အလေးထားကျင့်သုံးအပ်ပေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် လျှပ်စစ်ဓာတ်အားကို မလိုအပ်ဘဲ အချည်းနှီးအသုံး မပြုမိဖို့လိုသည်။ အားလုံးအနေဖြင့် နေ့အလင်းရေဝင်ကို အသုံးပြုနိုင်လျှင်လျှပ်စစ်မီးကို မသုံးစွဲခြင်းဖြင့် ခြိုးခြံချွေတာနိုင် သည်။ မြို့ပြများအနေဖြင့် မလိုသောနေရာများတွင် လျှပ်စစ်မီးအသုံးပြုခြင်းကို ထိန်းသိမ်းထားရန်လိုပြီး လိုအပ်သောနေရာများတွင် လိုအပ်သလောက်သာအသုံးပြုသင့်သည်။ ပြည်သူများ၏နေအိမ်များတွင် လျှပ်စစ် မီးဖြင့် ချက်ပြုတ်ခြင်းအစား သဘာဝဓာတ်ငွေ့ ကိုအသုံးပြုခြင်းဖြင့် လျှပ်စစ် ဓာတ်အားကို လျှော့ချနိုင်သည်။ လေအေးပေးစက်၊ ပန်ကာများ အစား ခြင်အန္တရာယ် ကိုကာကွယ်၍သဘာဝ လေ၊လေဝင်လေထွက်ကောင်း အောင်ပြုလုပ်ထားသင့် သည်။
မိသားစုများအနေဖြင့် အချိန်ကုန်နှင့်ပင်ပန်းမှုသက်သာအောင်
အဝတ် လျှော်စက်ကို အသုံးပြုကြသော် လည်း လျှပ်စစ်ဓာတ်အား အပိုကုန်ကျမှုသက်သာ အောင်ကိုယ့်အားကိုယ်ကိုး၍
လိုအပ်သလောက်သာ အဝတ်လျှော် စက်ကို အသုံးပြုသင့်သည်။ ကျန်းမာရေးနှင့်အညီလှေကားအတက်အဆင်းပြုလုပ်သင့်ပြီး
လိုအပ်မှသာစက်လှေ ကား ကိုအသုံးပြုသသည်။ အိမ်ထောင်စုများအနေဖြင့်လျှပ်စစ်ဓာတ်အားကို
အသုံးပြုကြရာတွင် မိမိတို့သုံးစွဲခဲ့ သည့် ယူနစ်ပမာဏများကို သိရှိထားနိုင်လျှင် မိမိတို့သုံးစွဲမှုကို
မိမိတို့ကိုယ်တိုင် ချင့်ချိန်နိုင်မည်ဖြစ် သည်။ တစ်အိမ်ထောင်လျှင် သုံးစွဲမှုယူနစ်များလျှင်များသလောက်
မီတာခကျသင့်ငွေမြင့်မားလာမည်ဖြစ်သည်။ တစ်အိမ်ထောင်လျှင် ယူနစ် ၁၀၀ ခန့်သုံးစွဲပါက သုံးစွဲခငွေကျပ်
၆၀၀၀ ဝန်းကျင်သာ ကုန်ကျမည်ဖြစ်သည်။ ယူနစ်၁၀၀ကျပ်လာပါက ထပ်ဆင့်ကုန်ကျမှုမြင့် မားလာမည်
ကို သတိပြုနိုင်သည်။
ယနေ့အချိန်အခါတွင် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းနှင့်
သုံးစွဲသူပြည်သူများ ကြုံတွေ့နေရသောအခက် အခဲမှာ လျှပ်စစ်ဓာတ်အား အသုံးပြုမှုနှင့် မီတာခ
ပေးဆောင်မှုဖြစ်သည်။ ပြည်သူများအား လျှပ်စစ်ဓာတ် အားဖြန့် ဝေပေးမှုနှင့် နေအိမ် အတွင်း
အသုံးပြုမှုများတွင် လျှပ်စစ်ဓာတ်အား လေလွင့်မှုများရှိနေသည်ကို သတိပြုရ မည်ဖြစ်သည်။
မီတာခကျသင့်မှုတွင် လျှပ်စစ်ကြိုးသွယ်တန်းမှုနှင့် မီတာပုံးအပေါ်တွင် မူတည်သည်။ စနစ်မကျ
သော လျှပ်စစ်ကြိုးသွယ်တန်းမှု ခေတ်မမီတော့သော မီတာယူနစ်စနစ်တွင် လေလွင့်မှုများရှိနိုင် သည်။
ယခုအခါ အဆင့်မြင့်မီတာ(AMI)စနစ်ကို စတင်အသုံးပြုနေသည်။ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုမှာ
စနစ်ဟောင်းတွင် ၁၆ ရာခိုင်နှုန်းခန့်ရှိပြီး အဆင့်မြင့်မီတာ(AMI) စနစ်ဖြင့် အသုံးပြုသောအခါ
ဓာတ်အားပျောက် ဆုံးမှု နှစ်ရာခိုင်နှုန်းသာရှိတော့ သည်ကို တွေ့ရသည်။ ၎င်းစနစ်ကိုအသုံးပြုခြင်းဖြင့်
လျှပ်စစ်မီတာခများ ကောက်ခံ ရာတွင် အွန်လိုင်းဘဏ်စနစ်ကို လွယ်ကူစွာအသုံးပြုနိုင်သည်။
လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုကို အထိုက်အလျောက်
ထိန်းချုပ်နိုင်ရေး၊ အခြားမြို့ပြဆိုင်ရာလုပ် ငန်းများတွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊
လျှပ်စစ် ဓာတ်အားအသုံးပြုမှုနှင့်သက် ဆိုင်သည့်အချက် အလက်များအား အချိန်နှင့် တစ် ပြေးညီ
ကြည့်ရှုဆောင်ရွက်နိုင်ရေးတို့အတွက် အဆင့်မြင့်မီတာ (AM)စနစ်ကို ပြောင်းလဲ အသုံးပြုနိုင်
အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့သုံးစွဲမှုပမာဏကို သိရှိပြီးချင့်ချိန်သုံးစွဲခြင်းဖြင့်
ခြိုးခြံချွေတာရာ ရောက်ပြီး အားလုံးအဆင်ပြေနိုင် သည်။ ထို့အပြင် အခြားသင့်တော်ရာနေရာများတွင်
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုကြခြင်းဖြင့် လျှပ်စစ်ဓာတ် အားကို ခြိုးခြံရာရောက်ပြီး
ကုန်ကျစရိတ်များ လည်း လျော့နည်းသက် သာလာမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု အပိုကုန်ကျစရိတ်များ လျော့နည်းသက်သာစေရေး အတွက် လျှပ်စစ်ဓာတ် အားနှင့်သက်ဆိုင်သည်များတွင် စနစ်တကျသုံးစွဲခြင်း၊ ပြောင်းလဲပြင်ဆင်အ သုံးပြုခြင်း၊ ခြိုးခြံချွေ တာသုံးစွဲခြင်းဖြင့် ကောင်းကျိုးများတိုးပွားလာနိုင်သည်ဖြစ်ရာ နေ့စဉ်မဖြစ်မနေသုံး စွဲနေရသည့် လျှပ်စစ်မီးမှ အစပြု၍ ပိုမိုကောင်းမွန်သည့်ချွေတာရေး နည်းစနစ်များကိုပြောင်းလဲ ပြင်ဆင်အသုံးပြုနိုင် ရန်အတွက် နိုင်ငံတော်၏ လမ်းညွှန်မှုဖြင့် ဝိုင်းဝန်းကြိုး ပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
(ကြေးမုံ အယ်ဒီတာ့အာဘော်)
No comments:
Post a Comment