မိုးလေလွတ်ကင်းသည့် ပွင့်လင်းရာသီသည် ပုံမှန်အားဖြင့်ဆိုပါက ခရီးသွားရာသီပင်ဖြစ်ပြီး ခရီးသည်များသွားရောက်လည်ပတ်လေ့ရှိ သည့် နေရာများတွင် ပြည်တွင်းပြည်ပ ခရီးသည်များနှင့် စည်ကား နေလေ့ရှိသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါနိုင်ငံအတွင်းသို့ဝင်ရောက်လာ ခြင်းနှင့် နိုင်ငံရေးအပြောင်း အလဲကာလလုံခြုံရေးအခြေအနေ စသည်တို့က ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများကို ရပ်တန့်သွားစေခဲ့ပြီး သည့်နောက်တွင် ဆက်စပ်နေသည့်လုပ်ငန်းများပါ ရပ်တန့်သွားခဲ့ သလိုဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍမှ ကျွမ်းကျင်သူများမှာလည်း ဘဝရပ်တည်နိုင်ရေး အတွက် အခြားလုပ်ငန်းများဆီသို့ ပြောင်းရွှေ့ သွားကြရသည်။
ယခုအခါ
ကိုဗစ်- ၁၉ ရောဂါကူးစက်မှုနှုန်း လျော့ကျလာသည့်အတွက် လနှင့်ချီ၍ အသွားအလာ ကန့်သတ်ကာ
အိမ်တွင်းအောင်း နေခဲ့ရသူများမှာ ပြည်တွင်းခရီးစဉ်ဒေသများသို့ သွားလာမှုများ ပြုနေကြပြီဖြစ်သည်။
ခရီးသွားလာမှုများနှင့်တစ်ဆက်တည်းမှာပင် စီးပွား ရေးလုပ်ငန်းငယ်များ ဖြစ်သည့် စားသောက်ဆိုင်များ၊
မော်တော်ယာဉ် ရေယာဉ်လုပ်ငန်းများ၊ တည်းခိုခန်းများ၊ ဒေသထွက်ပစ္စည်းအရောင်း ဆိုင်များ
စသည်တို့ တဖြည်းဖြည်းပြန်လည်လည်ပက်လာကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ခရီးသွားလုပ်ငန်းများနှင့်
ကိုဗစ် ရောဂါထိန်းချုပ်မှု အခြေအနေများအပေါ်တွင် မူတည်၍ နိုင်ငံတကာ ခရီးသွားလုပ်ငန်းများအား
ဒီဇင်ဘာလ(သို့မဟုတ်) ဇန်နဝါရီလတွင်း ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
နိုင်ငံကကာတွင်လည်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊
ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန် ရှိသူများအနေဖြင့် နယ်မြေအလိုက်၊ မြို့ဝင်မြို့ထွက်များ
အလိုက် ကိုဗစ်စည်းကမ်းနှင့်အညီ ဖြစ်စေရေး ကျန်းမာရေးစစ်ဆေး ခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားကြရန်လိုကြောင်း”
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၇/၂၀၂၁)တွင် အမှာ စကားပြောကြားရာ၌
ထည့်သွင်းပြောကြားခဲ့သည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့်
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့က ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ဖြေလျှော့ကာ
မြန်မာ၊ အမေရိကန်ပြည်ထောင်စုတို့ အပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံမှ ခရီးသည်များကို
ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်သည်။ ထိုင်းသို့လာရောက်မည့် ခရီးသည် များသည် ကိုဗစ်-၁၉
ထိန်းချုပ်နိုင်သည့် နိုင်ငံများမှ လာရောက်သူများဖြစ်ပြီး မလာမီ သီတင်းနှစ်ပတ်အတွင်း
ကိုဗစ်-၁၉ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးပြီးသူများ၊ ကိုဗစ်-၁၉ ကင်းရှင်းကြောင်း အထောက်အထားပြနိုင်သူများဖြစ်ရန်လိုသည်။
၎င်းတို့ ထိုင်းသို့ရောက်ပါက ကွာရန်တင်းဝင်ရန် မလိုတော့ကြောင်း ဖြေလျှော့ပေးခဲ့သည်။
မိမိတို့နိုင်ငံအနေဖြင့် ပြည်ပ ခရီးသည်များ ဝင်ရောက်လာမှုအတွက် ကြိုတင်ပြင်ဆင်ရာတွင်
ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းမှုနှင့်အတူ တစ်ဖက်တွင်လည်း ခရီးသည်များ အတွက်
လုံခြုံမှုတို့ကိုလည်း အသိပေးနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံအချို့တွင်
အဓိက ဝင်ငွေရသည့်လုပ်ငန်း ဖြစ်ရာ နိုင်ငံတကာမှခရီးသည်တို့အား ဆွဲဆောင်နိုင်သည့် အရင်း
အမြစ်ကောင်းများစွာရှိသည့် မိမိတို့ နိုင်ငံတွင်လည်း ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ
အောင်မြင်စွာလည်ပတ်လာစေရန် ယင်းကဏ္ဍ နှင့် ဆက်စပ်နေသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမည်
ဖြစ်သည်။
ကိုဗစ်-
၁၉ ရောဂါကြောင့် ထိခိုက်နစ်နာဆုံးရှုံးကြရသည့် စီးပွားရေးလုပ်ငန်းများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကထိပ်ဆုံးမှ
ဖြစ်သည်။ ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်က အခွန်အခများ ဖြေလျှော့ပေးခြင်း၊
လုပ်ငန်းလိုင်စင်ကြေးများ ဖြေလျှော့ပေးခြင်း၊ နိုင်ငံပိုင်ဟိုတယ်၊ အဆောက်အအုံငှားရမ်းခများ
ကာလတစ်ခုအထိ ဆိုင်းငံ့ပေးခြင်း၊ ချေးငွေများ ထုတ်ချေးပေးခြင်းတို့ဖြင့် ကျားကန်ပေးခဲ့သည်။
နိုင်ငံအတွင်း ခရီးသွားလာမှုများတွင် အကန့် အသက် အတားအဆီးများ တစ်ရွာတစ်ပုဒ်ဆန်းဖြစ်မနေစေ
ဘဲအဆင်ပြေချောမွေ့ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် ခရီးသွားစီးပွားကဏ္ဍ ရှင်သန်ဖြစ်ထွန်းလာရေး
ပူးပေါင်းဆောင်ရွက်နိုင် ကြပါစေကြောင်း။ ။
No comments:
Post a Comment