ရန်ကုန် နိုဝင်ဘာ ၁၃
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော် (လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၌ထားရှိသော ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနိုင်သော SINOVAC ဆေးများနှင့် ဆေးတစ်လုံးလျှင် လူငါးဦးထိုး နိုင်သော Sinopharm ကာကွယ်ဆေးများကို နေပြည်တော်ကောင်စီနယ်မြေသို့ SINOVAC ဆေး ၃၁၅၅၂ လုံးနှင့် ဆေးထိုးအပ် ၆၃၁၀၄ ချောင်း၊ မော်လမြိုင်မြို့သို့ SINOVAC ဆေး ၂၈၀၃၉ လုံးနှင့် Sinopharm ဆေး ၂၀၀၀၀ လုံး၊ ကရင်ပြည်နယ်သို့ SINOVACဆေး ၁၅၀၁၈ လုံးနှင့် Sinopharm ဆေး ၁၀၀၀၀ လုံး၊ ပဲခူးတိုင်းဒေသကြီးသို့ SINOVAC ဆေး ၄၂၂၂၂ လုံး နှင့် Sinopharm ဆေး ၂၃၁၃၁ လုံးတို့ကို Cold Chain Delivery Logistics မော်တော် ယာဉ်ကြီး များဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments:
Post a Comment