ဟိုပန် နိုဝင်ဘာ ၁၂
ဟိုပန်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက် (၁၁) နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဟိုပန်မြို့၌ အသစ်ဆောက်လုပ်လျက်ရှိသည့် လူငယ်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ရေးစခန်းအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လူငယ်ဖွံ့ဖြိုးရေးနှင့်
ပြုပြင်ရေးစခန်းအား လောက်ကိုင်မြို့၌ အခြေစိုက်သည့်ဘဝ ပြုစုပျိုးထောင်ရေးအသင်း ပရဟိတအဖွဲ့မှ
ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ပုံငွေအနေဖြင့် ကိုယ်ထူ ကိုယ်ထနှင့် အလှူရှင်များ ရှာဖွေ၍
ဆောင်ရွက်သွားမည်ဖြစ်ကာ စခန်းအား ဆောက်လုပ်ပြီးစီး ပါက လူငယ်များ မူးယစ်ဆေးဝါး ကျေးကျွန်မှ
လွတ်မြောက်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူငယ်ဖွံ့ဖြိုးရေးနှင့်ပြုပြင်ရေးစခန်းမှ
တာဝန်ခံ ဦးကျော်ခိုင်ထံမှသိရှိရသည်။
ဆက်လက်၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် ဟိုပန်မြို့နယ်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက် တပ်ဆင်ထားရှိမှုနှင့် စက်ရုံတည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များကိုမှာကြားခဲ့သည်။
အဆိုပါ အောက်ဆီဂျင်စက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းခြင်းဖြစ်ပြီး စက်ရုံကို ငွေကျပ် (၁၁၈) သိန်းဖြင့် လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိသည်။ စက်ရုံတည်ဆောက် ပြီးစီးပါက တစ်နာရီလျှင (40L) ဆံ့အောက်ဆီဂျင်(၄)လုံး ထုတ်ယူရရှိမည်ဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြု လူနာ၊ အရေးပေါ်လူနာနှင့် ICU လူနာများအား ကုသမှုပေးရာ၌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုပန်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာပြည့်ကိုကိုထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment