Wednesday, November 10, 2021

အလုပ်ရှင်/အလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 



နေပြည်တော်   နိုဝင်ဘာ   ၁၀

စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Virtual ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က  ကိုဗစ်-၁၉ ရောဂါနှင့် အခြားစိန်ခေါ်မှုများရှိသော်လည်း၊ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေး၊ အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ အလုပ်သမားများ လုပ်ခလစာ အချိန်မီ ရရှိနိုင်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှု များအား ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရေးနှင့် လုပ်ငန်းခွင်များတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ပြီး သုံးပွင့်ဆိုင်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း။

စက်ရုံ၊ အလုပ်ရုံများပိတ်သိမ်းရပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေး အတွက် အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း။

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ကျန်းမာရေးဝန်ကြီးဌာနများသို့ ကာကွယ်ဆေး ထိုးနှံမည့် စီမံချက်ရေးဆွဲ တင်ပြခဲ့ပြီး ပထမဦးစားပေး အနေဖြင့် အလုပ်သမား အင်အား အများဆုံးဖြစ်သည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးများအတွင်းရှိ စက်မှုဇုန်များမှ အလုပ်သမားများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဩဂုတ် ၁၈ ရက်မှ စတင်၍ နိုဝင်ဘာ ရက်အထိ ပထမအကြိမ် ,၉၃၈ ဌာနမှ အလုပ်သမား ၅၄၂,၅၃၃ ဦး၊ ဒုတိယ အကြိမ် ,၁၁၂ ဌာနမှ အလုပ်သမား ၃၂၅,၉၅၈ ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက် ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ကျန်တိုင်းဒေသကြီး / ပြည်နယ်များရှိ အလုပ်သမားများကိုလည်း ရောဂါကာကွယ် ဆေးထိုးနှံ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

Online ဖြင့် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အမှန်တကယ် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်း အကောင်းဆုံး ဆွေးနွေး အဖြေရှာပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ်က ဩဂုတ် ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်းဆွေးနွေး တင်ပြပြီး Online ဖြင့် တက်ရောက်ကြသော ခုံသမာဓိကောင်စီအဖွဲ့ဝင်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ ညှိနှိုင်းဖျန် ဖြေရေးအဖွဲ့ဝင်များ၊ စက်မှုဇုန် အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံ  ခံစားနေရသည့် လုပ်ငန်း ဆိုင်ရာ အခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများမှ ကြုံတွေ့ နေရသည့် အခက်အခဲများကို အတူတကွ လက်တွဲကျော်ဖြတ်ရင်း နိုင်ငံထုတ်ကုန် စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment