မန္တလေး နိုဝင်ဘာ ၉
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် သရုပ်ပြ၊ နည်းပြ ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ၂ နာရီက အောင်မြေသာစံ မြို့နယ် အဆိုပါတက္ကသိုလ်ရှိ သီရိရတနာ ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ်တိုင်းဒေသကြီး
ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ကျောင်းများ၏ လိုအပ်ချက်များ
ဆောင်ရွက်ပေးနိုင်ရန်အခြေခံပညာကျောင်း အဆင့်မှ တက္ကသိုလ် များအထိကွင်းဆင်းလာရောက် တွေ့ဆုံလျက်ရှိကြောင်း၊
တက္ကသိုလ်များသည် လူ့စွမ်းအားအရင်း အမြစ်များကို မွေးထုတ်ပေးကာ တိုင်းပြည်၏အနာဂတ်ကို
ဖန်တီးနိုင်မည့်သူများကို ပြုစုပျိုးထောင် ပေးရာဌာနဖြစ်ပြီး ပညာရေးမှာ တိုင်းပြည်အတွက်
အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုနယ်ပယ် ဖြစ်ကြောင်း၊ သင်ကြားပေးမည့်ဆရာဆရာမများအနေ
ဖြင့် အရည်အချင်းပြည့်ဝရန် အမြဲကြိုးစား
နေရမည်ဖြစ်ကြောင်း၊
သင်ကြားမှုအတတ်ပညာမှ မိမိကိုယ်တိုင် ခေါင်းဆောင်နေရာ ရောက်သည့် အခါ မိမိရာထူးအပေါ်မူတည်ပြီး
အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုများကို လုပ်ကိုင် သွားရမည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ကိုင်
သွားရာတွင် လုပ်ဖော်ကိုင်ဖက်၊ ဝန်ထမ်း များ၊ တပည့်သားသမီးများအပေါ် မေတ္တာ၊ ကရုဏာ၊
မုဒိတာထားနိုင်သည့် နှလုံးသားအရည်အချင်းနှင့် စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု အတတ် ပညာများကိုကောင်းစွာနားလည်
တတ်ကျွမ်းသော လုပ်ငန်းအရည်အချင်း များရှိရန် လိုအပ်ကြောင်း၊ တက္ကသိုလ်တွင် သင်ကြားပေးနေသော
ဘာသာရပ်များ အပြင် နိုင်ငံတကာ၏ ပညာရေးများကိုပါ အမြဲလေ့လာဆည်းပူးနေရန် လိုအပ်ကြောင်းနှင့်
ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်သည့် အတွက် မိမိထက်တော်သော တပည့်များကို မွေးထုတ်ပေးခြင်းဖြင့်
အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာစေ ရေး ကြိုးစားသွားကြရမည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍
တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပညာရေးဝန်ထမ်းများ အတွက် ထောက်ပံ့ငွေကျပ် ငါးသိန်း ပေးအပ်ခဲ့သည်။
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကို
၁၉၉၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အင်္ဂလိပ်၊ မြန်မာဘာသာ၊ ပြင်သစ်ဘာသာ၊ ရုရှားဘာသာ၊
ထိုင်းဘာသာ၊ ကိုရီးယား ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊ တရုတ်ဘာသာတို့အပြင် အထောက်အကူ
ပြုဘာသာရပ်များအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေး၊ ဒဿနိက၊ သမိုင်း၊ ပထဝီဝင်၊ ဘာသာဗေဒနှင့်
အရှေ့တိုင်းဘာသာ ရပ်များကိုလည်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment