နေပြည်တော် နိုဝင်ဘာ ၉
Asian Games နှင့် SEA Games ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် အသက်(၆၀)နှစ်နှင့်အထက် အားကစား သမားဟောင်းများကို လစဉ်ထောက်ပံ့ကြေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ
ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ
မြန်မာ့ လက်ရွေးစင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေး စီမံဆောင်ရွက်နိုင်ရေး အတွက်
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁ ရက်တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် အားကစား
နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း။
ဆွေးနွေးချက်များအရ
အသက်(၆၀)နှစ်နှင့် အထက် အားကစားသမားဟောင်းများကို လစဉ်ထောက်ပံ့ပေးရာတွင် Asian Games
တွင် ရွှေတံဆိပ်ရရှိသူများ၊ ငွေတံဆိပ်ရရှိသူများ၊ ကြေးတံဆိပ် ရရှိသူများ၊ SEA
Games တွင် ရွှေတံဆိပ် ၁၀ ခုနှင့်အထက်ရရှိသူများ၊ ငါးခုမှ ကိုးခုအထိ ရရှိ သူများ၊ တစ်ခုမှ
လေးခုအထိ ရရှိ သူများ စသည်ဖြင့် အဆင့်များခွဲထားပြီး၊ ငွေကြေးလျာထား တွက်ချက်မှုကို
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးသို့တင်ပြ ခဲ့ရာ တွက်ချက်မှုများအရ အသက် (၆၀)နှစ်နှင့်အထက်
AsianGames တွင် ရွှေတံဆိပ်တစ်ခုရရှိခဲ့သူများ ကို နှစ်သိန်းနှုန်း၊ ငွေတံဆိပ် တစ်ခုရရှိခဲ့သူများကို
တစ်သိန်းခွဲ နှုန်း၊ ကြေးတံဆိပ် တစ်ခု ရရှိခဲ့ သူများကိုတစ်သိန်းနှုန်းထောက်ပံ့ ပေးပါက
ရွှေတံဆိပ်ရရှိသူ ၁၄ ဦး၊ ငွေတံဆိပ်ရရှိသူ ငါးဦး၊ ကြေး တံဆိပ်ရရှိသူ ခုနစ်ဦး စုစုပေါင်း
၂၆ ဦးနှင့် SEA Games တွင် ရွှေတံဆိပ် ၁၀ ခုနှင့်အထက် ရရှိ သူကို တစ်သိန်းခွဲနှုန်း၊
ငါးခုမှ ကိုးခုအထိရရှိသူကိုတစ်သိန်းနှုန်း၊ တစ်ခုမှ လေးခုထိ ရရှိသူကို ခုနစ်သောင်းနှုန်း၊
ငွေတံဆိပ် တစ်ခုကို ငါးသောင်းနှုန်း၊ ကြေး တံဆိပ်တစ်ခုကို သုံးသောင်းနှုန်း သတ်မှတ်ခဲ့ကာ
SEA Games တွင် ရွှေ၊ ငွေ၊ ကြေးရရှိခဲ့သူ၂၄၈ ဦးရှိပြီး Asian Games နှင့် SEA
Games တွင် စုစုပေါင်း ဆုတံဆိပ်ရရှိသူ ၂၇၄ ဦး ထည့်သွင်းတွက်ချက်ခဲ့ကြောင်း၊ ဆုရရှိသည့်
အားကစား သမားများ သက်ရှိထင်ရှားရှိ/ မရှိ အဖွဲ့ချုပ်များနှင့် ဆက်သွယ်ခဲ့ရာ ကွယ်လွန်သူ
၂၅ ဦး ရှိကြောင်း သိရှိရပြီး ထောက်ပံ့ကြေးပေးရန် စုစုပေါင်း ၂၄၉ ဦးသာကျန်ကြောင်း၊ အဆိုပါ
၂၄၉ ဦးအတွက် တစ်လလျှင် ၁၆ ဒသမ ၅၉ သန်း ဖြင့် မတ်လအထိ ၉၉ ဒသမ ၅၄ သန်း ကုန်ကျမည်ဖြစ်ကြောင်း
ခြောက်လ ဘတ်ဂျက်ငွေအဖြစ် ၁၁၃ ဒသမ ၄ သန်းတွက်ချက်ပါရှိ ထားပြီးဖြစ်ကြောင်း၊ ထောက်ပံ့
ကြေးပေးမည့်သူများထဲမှ ပြည်ပ ရောက်ရှိနေသူ၊ သာသနာ့ဘောင် ရောက်ရှိနေသူ၊ အဆက်အသွယ် မရရှိသူ
၂ ဦး ပါဝင်ကြောင်း၊ နှင့် ၎င်းတို့အတွက် ၁၆ သိန်း ၅ သောင်း ထည့်သွင်းတွက်ချက် ထားပါကြောင်း
ပြောကြားသည်။
ယင်းနောက်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံ့ဂုဏ်ဆောင်
အားကစား သမားဟောင်းများအား ချီးမြှင့်ငွေ ပေးရာတွင် နိုင်ငံတော်အကြီးအကဲ အနေဖြင့် တစ်လုံးတစ်ခဲတည်း
ပေးပါက တစ်ခဏတည်းကုန်သွား နိုင်သဖြင့်လစဉ်ထောက်ပံ့ ပေးမည် ဆိုပါက ပိုမိုကောင်းမွန်ကြောင်း၊
ထောက်ပံ့ပေးမည့် အစီအစဉ်ကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ပြန်လည်တင်ပြပေးရန်
လိုအပ်ပါကြောင်း၊ တိုင်းပြည် အတွက် ဂုဏ်ဆောင်ခဲ့သူများ သက်ရှိထင်ရှားရှိ/ မရှိ အထောက်အထား
တိတိကျကျဖြင့် တွက် ချက် တင်ပြရန် အရေးကြီးကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် သေချာတွက်ချက်
အတည်ပြုချက် ရယူပြီး သက်ဆိုင်ရာခေါင်းစဉ်မှ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ ပေးအပ်ချီးမြှင့်သုံးစွဲ
သွားရန်လိုကြောင်း၊ ယခုကဲ့သို့ ချီးမြှင့်ခြင်းဖြင့် လက်ရှိအားကစား သမားများအတွက် ကြိုးစားချင်
စိတ်များ၊ စိတ်ဓာတ်များ မြှင့်တင် ပေးနိုင်မည်ဖြစ်ကြောင်း၊ နောင် ထပ်မံဆုရရှိသည့် အားကစား
သမားများကို ခေတ်ကာလနှင့် အညီ ထောက်ပံ့မှုနှုန်းထားများ ပြောင်းလဲခြင်းများ၊ ပြင်ဆင်
ဆောင်ရွက်ရန် စီမံထားရှိရန် လိုအပ်ပါကြောင်း၊ ထောက်ပံ့ ကြေးများကို ပြည်တွင်းနေထိုင်
သူများအပြင် ပြည်ပနေထိုင် သူများကို ပေးမပေး ထည့်သွင်း စဉ်းစားရန် လိုအပ်ပါကြောင်း
ပြောကြားသည်။
ဆက်လက်၍ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးကျော်ဦးနှင့် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါ်သီတာထွန်းတို့က
ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်
No comments:
Post a Comment