Friday, October 15, 2021

ချင်းရွှေဟော် မြို့တွင် WiFi Router စက်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

 


 ချင်းရွှေဟော် အောက်တိုဘာ ၁၅

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်  ချင်းရွှေဟော်မြို့ရုံး အနေဖြင့် ဌာနလုပ်ငန်းများအပြင် သတင်းစီးဆင်းမှု မြန်ဆန်ရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အခြားသောဌာနဆိုင်ရာများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ရုပ်မြင်သံကြား သတင်းများအား  ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ချင်းရွှေဟော်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး  ဦးသက်ဦးပိုင် ဦးဆောင်ပြီး အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်ရေးရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဇော်ဝင်းမြင့်၊  နယ်စပ်စစ်ဆေးရေးစခန်းမှ လဝကမှူး ဦးဖေမောင်ကျော်တို့ စုပေါင်းကာ TP-Link(4G) LTE Router စက် (၁) လုံး၊ Mytel WiFi ဆင်းကဒ်(၁)ကဒ်နှင့် လစဉ်ကြေး (၃)လစာ လှူဒါန်းခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ချင်းရွှေဟော်မြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ လှူဒါန်းမှုနှင့်ပတ်သက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေ ပေးပို့လာသည့် ဂုဏ်ပြုမှတ်တမ်းလွှာအား တာဝန်ရှိသူက ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

စည်သူမောင်မောင်

No comments:

Post a Comment