Thursday, October 7, 2021

မန်စီမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာရွေးချယ်ခြင်းအခမ်းအနားကျင်းပ

 


မန်စီ   အောက်တိုဘာ   

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း ၂၀၂၁-၂ဝ၂၂ ခု ဘဏ္ဍာရေးနှစ် (၆လဘတ်ဂျက်) တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်း အနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်း စီမံကိန်းကျေးရွာများ ရွေးချယ်ရာ၌ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသည့်ကျေးရွာ၊ စိတ်ပါဝင်စားမှုနှင့် ပူးပေါင်းဆောင်မှု အားကောင်းသည့် ကျေးရွာများကို ရွေးချယ်ပေးနိုင်ရေးဆွေးနွေး မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးက ကျေးရွာရွေးချယ်မှု စံနှုန်းများနှင့် စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက  ဆွေးနွေးအကြံပြုခဲ့ကြရာ နမ့်မဖွဲကျေးရွာအုပ်စု ဂါးရာယန်ကျေးရွာအား စီမံကိန်းကျေးရွာအဖြစ် အတည်ပြုရွေးချယ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment