Wednesday, October 6, 2021

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးများ ကျိုင်းတုံမြို့သို့ တပ်မတော်လေယာဉ် ဖြင့် ပို့ဆောင်

နေပြည်တော် အောက်တိုဘာ ၅

ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရေှာက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ် များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinaphorn ဆေးအလုံးပေါင်း ၁၆၀၀၀ ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ တပ်မတော် (လေ) ၏ ပို့ဆောင်ရေး လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment