ရန်ကုန် အောက်တိုဘာ ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဝင်္ကပါလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၌ အရာထမ်းများနှင့် တွေ့ဆုံသည်။
ထို့နောက် စာပေဗိမာန်ရုံး၌ အမျိုးသားစာပေဆု
ရွေးချယ်ရေး စိစစ်ဆောင်ရွက်နေကြသော ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဆရာကြီး၊
ဆရာမကြီး များအား တွေ့ဆုံနှုတ်ဆက်ပြီး စာပေဖွံ့ ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးစိတ်ဖြင့်
ပူးပေါင်း ဆောင်ရွက်ခြင်းကို ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း၊ လက်ရှိအခြေ အနေတွင် ပြည်သူလူထုနှင့် လူငယ်များအား အသိပညာ ဖြန့်ဝေပေး ရာတွင် အခြားမီဒီယာ များနည်းတူ
ဆရာကြီး၊ ဆရာမ ကြီးများကလည်းတတ်နိုင်သရွေ့ ပူးပေါင်းဆောင် ရွက်ပေးကြပါရန်နှင့် အကျိုးပြုစာပေများ
ဆက်လက်ရေး သား ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ဆွေးနွေး ပြောကြားသည်။ မွန်းလွဲပိုင်းတွင်
ဒုတိယ ဝန်ကြီးသည် ရန်ကုန်မြို့
သိမ်ဖြူ လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ စုပေါင်း
ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ပြန်ကြားရေး ဝန်ကြီး ဌာနအောက်မှ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှအရာထမ်း၊ အမှုထမ်း
များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ်ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများဖြစ်၍
နိုင်ငံ တော်အပေါ် သစ္စာစောင့်သိပြီး ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရေး၊
နိုင်ငံတော်က ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်
များ ချမှတ်၍ အရေးပေါ်ကာလ အတွင်း လုပ်ဆောင်နေသည် များကို အောင်မြင်စေရန် မီဒီယာ ကဏ္ဍမှ
တတ်နိုင်သမျှ နည်းလမ်း များဖြင့် ပါဝင်ဆောင်ရွက်ရေး၊ လူငယ်များအား ဗလငါးတန်နှင့် ပြည့်ဝစေရန်
အသိပညာဖြည့် ဆည်းပေးရေး၊ ကိုဗစ်ရောဂါ ကူးစက်မှု
လျော့နည်းလာသည် နှင့်အမျှ မကြာမီ အခြေခံကျောင်း များ ပြန်လည်ဖွင့်လှစ်သည့်အခါ အဆင်သင့်ဖြစ်စေရန်
ကျောင်း သား ကျောင်းသူများ ကာကွယ် ဆေးထိုးနှံပေးမှုအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို
အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲပေးခွင့်ရှိသူ
တိုင်း ဥပဒေနှင့်အညီ မဲပေးနိုင်စေ ရန် နိုင်ငံသားစိစစ်ရေးလက်မှတ် များ ထုတ်ပေးနေသည့်
ပန်းခင်း စီမံချက် အောင်မြင်ရေး ပညာပေး ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မိမိတို့
တာဝန်ထမ်းဆောင်ရာ ဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေး
လုပ်ငန်းများကို ပူးပေါင်းဆောင် ရွက်ရေး၊ ရုံးဌာနနှင့် စက်ရုံ အလုပ်ရုံများ လုံခြုံရေးဂရုပြုရန်
နှင့် ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းတာဝန်များကို ဆွေးနွေး မှာကြားသည်။
ထို့နောက် တက်ရောက်လာ သော ဝန်ထမ်းများ၏ ဆွေးနွေး တင်ပြချက်များအပေါ် ပြန်လည်
ရှင်းလင်း ဆွေးနွေးပြီး လိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။
သတင်းစဉ်
No comments:
Post a Comment