မလှိုင် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ နှင့် မြို့နယ်ပညာရေးဌာနမှ အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများတွေ့ဆုံ၍ အသက်(၁၂) နှစ်နှင့် အထက် ကျောင်းသား/သူများကို၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယမန်နေ့က ကျင်းပခဲ့ကြောင်းသိရသည် ။
အဆိုပါလုင်ငန်း ညှိနှိုင်းအစည်းဝေးတွင်
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အသက်(၁၂)နှစ်နှင့် အထက်၊ အထက်တန်း၊ အလယ်တန်းဆင့်
ကျောင်းသား/သူများကို ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်နှင့် ကာကွယ်ဆေးထိုးနှံရသည့်ရည်ရွယ်ချက်ကို
ရှင်းလင်းပြောကြပြီး အဖွဲ့ဝင်များဖြစ်ကြ သော ဗိုလ်မှူးဌေးသန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးထိန်လင်းမောင်တို့ကလုံခြုံရေး အစီအမံများနှင့် ပတ်သက်၍၎င်း၊ အဖွဲ့ဝင် ဦးကျော်ငြိမ်းက
ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဆရာ/မများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့်
ပညာရေးမှူး ဦးရွှေတို့က ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ကြသည်
။
မလှိုင်မြို့နယ်တွင် အသက်(၁၂) နှစ် ပြည့်ပြီးသူ အထက်တန်းဆင့်ကျောင်းသား/သူ(၆ဝ၅၂) ဦး၊ အလယ်တန်း ဆင့် ကျောင်းသား/သူ(၈၇၇၈)ဦး ၊ စုစုပေါင်း(၁၄၈၃ဝ )ဦးရှိပြီး ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် စုရပ်နေရာ (၅) နေရာ၌ အောက်တို ဘာ(၁၂) ရက်နေ့မှစတင်၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)

No comments:
Post a Comment