Monday, October 18, 2021

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ စံပါရမီကုမ္ပဏီမှ အောက်ဆီဂျင်အခမဲ့ပေးဝေနေမှုအား ကွင်းဆင်းကြည့်ရှု

 


တောင်ကြီး    အောက်တိုဘာ    ၁၈ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် အောက်တိုဘာ(၁၆)နံနက် (၇)နာရီက ကျိုင်းတုံမြို့ သီလဓမ္မကုန်း သာတောရကျောင်း ဝစိပိတ်ဆရာတော်အား ဖူးမျှော်ကန်တော့၍ အာရုဏ်ဆွမ်း ဆက်ကပ်လှူကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူ တို့သည် ကျိုင်းတုံတက္ကသိုလ်ဝင်းအတွင်း စံပါရမီကုမ္ပနီမှကိုဗစ်-ကျန်းမာရေအတွက် အောက်ဆီဂျင် အခမဲ့ ပေးဝေး ရေးစက်ရုံအား သွားရောက်ကြည့်ရှု့ကာ စက်ရုံများအား အမွေးနံသာရည်များ ပက်ဖျန်းပေးကြပြီး ကျောင်းဝင်း အတွင်း အလှဆင်နိုင်ရန်ကျောက်များအား ကြည်ရှု့ကာ ကျိုင်းတုံတက္ကသိုလ်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်မည့် VlROSHIELD အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ်မှ လက်ခံရယူသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ ဘုရားအား ဖူးမျှော်၍ပန်း၊ရေချမ်း၊ဆီ မီးဆက်ကပ်လှူဒါန်းကာ ဘုရားအတွက် အလှူငွေ (၁၀)သိန်း ပေးအပ်လှူပေးရာ ဘုရားဂေါပကတာဝန်ရှိသူတစ် ဦးမှလက်ခံရယူပြီး မဟာမြတ်မုနိ ဘုရား ရွှေထီးတော်တင်နှင့် ဗုဒ္ဓဘိသေက အနေကဇာတင်မဟာမင်္ဂလာ အခမ်းအနား လျာထားအကွက်ချ ပုံစံများကို ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဥက္ကဋ္ဌ ဦဂရဲနိုင်မှ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက လိုအပ်သည်များ မှာကြားပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ မဟာမြတ် မုနိဘုရားအား ရွေသင်္ကန်း ဆက်ကပ်ပေးကြကြောင်း သိရသည်။ 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နောင်တုံကန်ပတ်လမ်းအား သွားရောက်ကြည့်ရှု့၍ ဟော်နန်း တည်ဆောက်မည့် နေရာအား ကြည့်ရှု့ကာ ကျိုင်းတုံမြိုနယ် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သည့် မှတ်တမ်းဓါတ်ပုံများ အားရှင်းလင်း၍ ကျိုင်းတုံစည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများကို ဆန်ထောက်ပံ့ခြင်းအခမ်းအနား တက်ရောက်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ဒေသမှ ပြည်သူများ အပြင်ထွက်ရှိမှု အရမ်းများပြားနေသောကြောင့် ခဏလေးထိန်းပေးစေ လိုကြောင်း၊ အထွက်များပါက ကိုဗစ်-၁၉ရောဂါပြန်လည်ကူးစက်မှုရှိလာမည်ဖြစ်ကြောင်း နှင့် ရောဂါသည် ကူးစက်မှုမြန်ပြီး ထိန်းချုပ်ရန်ခက်ခဲပါကြောင်း၊ရောဂါသည်မြန်မာနိုင်ငံသာမက နိုင်ငံခြားပါ ဖြစ်နေသောကြောင့် စီးပွားရေးနှင့်လူများဆုံးရှုံးရမည်ဖြစ်၍ ကာကွယ်ဆေးများကိုထိုးပေးကြရန်နှင့် ဘာရောဂါ ဖြစ်ဖြစ် ကာကွယ်ဆေးထိုး ထားပါက ဖြစ်ပွားမည်ရောဂါကိုအဟန့်အတားဖြစ်စေပါကြောင်း၊ ယနေ့တက်ရောက် လာသည့် ရပ်မိရပ်ဖများက လက်ဆင့်စကားပြောကြားပေးရန်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် ပြောကြားရင်း အားလုံးက ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။ 

ယင်းနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်က ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစားများ (ဆန်) နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးအတွက်ထောက် ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကာကွယ်ရေးသုံး စ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းက အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ပစ္စည်းအသီးသီးတို့ကို လက်ခံရယူပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကိုယ်စား မြို့မိမြို့ဖဦးစိုင်းနွဲ့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။ 

ဆက်လက်၍ ကျိုင်းတုံမြို့ စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော သစ်တစ်ပင်ထောင်လမ်း အဝင်နှင့် ပတ်လမ်းကွန်ကရစ်လမ်း၊ ပန်းခြံနှင့် ရေတံခွန်တို့ကို သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ သစ်တစ်ပင်ထောင်သည် ကျိုင်းတုံမြို့အမှတ်(၁)ရပ်ကွက်တွင် တည်ရှိပြီး သစ်တစ်ပင်လမ်း ကွန်ကရစ် ခင်းခြင်းမှာ လုပ်ငန်းအတိုင်းအတာ ၂၆၀ပေ×၁၈ပေ×၆" ရှိပြီး ခွင့်ပြုရန်ပုံငွေ(၁၆၁၇.၇)သိန်းဖြင့် လုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ(၁၀)ရက်မှ စတင်ကာ ၂၀၂၁ ခုနှစ်သြဂုတ်လ (၁၃)ရက်တွင် ပြီးစီးကြောင်း သိရသည်။ 

မောင်မောင်သန်း (တောင်ကြီး)


No comments:

Post a Comment