Friday, October 15, 2021

နောင်မွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့် ပွဲအခမ်းအနား ကျင်းပ

 



နောင်မွန်    အောက်တိုဘာ   ၁၅

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ် ဓါတ်ထက်သန်လာစေရန်နှင့်မြို့နယ်အတွင်းမှအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရယ်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်ညနေ(၃)နာရီတွင်မြို့နယ်အားကစားကွင်း၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင်  ဖွင့်ပွဲသို့တက်ရောက်လာသူများက နိုင်ငံတော်အလံအားစု‌ပေါင်းအလေးပြုကြ  ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်ကပြိုင်ပွဲ ကျင်းပရခြင်ရည်ရွယ်ချက်များနှင့် လိုအပ်သည်များ ကိုရှင်းလင်းပြောကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်ခိုင်ငြိမ်းက ပြိုင်ပွဲစည်းကမ်းချက်များနှင့် အားကစားသမားကောင်းဆိုင်ရာ စိတ်ဓါတ်/ စည်းကမ်းများ ကိုရှင်းလင်းပြောကြားသည်။

ထို့နောက်သင်း/ အုပ်ဆရာကြီးဦးမလောင်ဆင်ဆားရ်ကဦးဆောင်၍ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြီးစီး နိုင်စေရန် အတွက်ဆုတောင်းခဲ့ကြပြီး အဖွင့်ပွဲစဉ်ကို ထုံလာကျေးရွာဘောလုံးအသင်းနှင့် ကွမ်လင်း ကျေးရွာ ဘောလုံး အသင်းတို့ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲဝင်အသင်းသားများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှစ်ကြိမ်(သို့မဟုတ်) အနည်း ဆုံးတစ်ကြိမ်ထိုးထားသူများသာပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး ပြိုင်ပွဲကြည့်ရှုကြမည့် ဧည့်ပရိတ်သတ် Mask တပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီကြည့်အားပေး ကြရန်ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါပြိုင်ပွဲကို အောက်တိုဘာလ(၁၄)ရက်မှ(၂၈)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း(၁၃)သင်း ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်

                                                                                               

No comments:

Post a Comment