Wednesday, October 20, 2021

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကမ်းပြိုဘေးနှင့် လေဘေးသင့် အိမ်ထောင်စုများအတွက်ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်


 

 မင်းဘူး အောက်တိုဘာ  ၂၀

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း သဘာဝဘေးကြောင့် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်း အောက်တိုဘာ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဆားပွက်ချောင်းရေကျကာ ရေတိုက်စားမှုဖြစ်ပွား၍ ချောင်းကမ်းပါး ပြိုကျမှုကြောင့် တပင်ရွာနှင့် ချောင်းဖြူကျေးရွာတို့မှ အိမ်ခြေ()လုံး ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း၊ ထို့အတူ လေပြင်းတိုက်ခတ်မှုများကြောင့် ကိုင်းတောလေးကျေးရွာမှ အိမ်ထောင်စု()စုတို့ လေဘေး သင့်ခဲ့ရကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းထံမှ သိရသည်။

 

အဆိုပါကျေးရွာများမှ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ထောင်စု ()စုမှ လူဦးရေ (၁၄)ဦး အတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ (၄၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၉,၄၀၀) ကျပ်၊ လေဘေးသင့်အိမ်ထောင်စု ()စုမှ လူဦးရေ ()ဦးအတွက် အိမ်ဆောက်ပစ္စည်း တန်းဖိုးငွေ (၁၉၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၂,၀၀၀) ကျပ်အပြင် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့ကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)

No comments:

Post a Comment