ထန်းတပင် (ပဲခူး) အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများအထိ သတ်မှတ်စုရပ်များ အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သော်လည်း ပြန်လည် ကောင်းမွန်လာသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်-
ဒေါ်နိုင်နိုင်စိုး (အောင်ချမ်းသာရပ်ကွက်)
ကျွန်မအမည်ကတော့ ဒေါ်နိုင်နိုင်စိုး ဖြစ်ပြီး တောင်ငူခရိုင်၊
ထန်းတပင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက် မှာ နေထိုင်ပါတယ်။ အသက်(၅၅)နှစ်ဖြစ်ပါတယ်။ ကျွန်မက
၂၀၂၁ ခုနှစ် မေလ ၇ ရက်နေ့မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို (၂)ကြိမ် ထိုးနှံပြီးဖြစ်ပါတယ်။
ကျွန်မ ကိုဗစ်-၁၉ ရောဂါကို ကျွန်မသားမှ တစ်ဆင့် ကူးစက်ခံရတာဖြစ်ပါတယ်။ မြို့နယ်ဆရာဝန်ကြီး၏
လမ်းညွှန်မှုဖြင့် တာဝန်ကျ ကျန်းမာရေးဆရာမ များက ကျွန်မကို ကိုဗစ်ရောဂါပိုး ရှိ/မရှိ
(၂)ကြိမ် စစ်ဆေးပေးခဲ့ပါတယ်။ စစ်ဆေးချက်အဖြေအရ ကျွန်မမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက်
၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ ဆေးရုံတက်ခိုင်း ပါတယ်။ ဆေးရုံတက်ခိုင်းပေမဲ့ ကျွန်မမှာ
ရောဂါလက္ခဏာမပြသေးပါဘူး။ နောက်တစ်ရက်မှာ ကျွန်မ ကိုယ်လက် ကိုက်ခဲလာပြီး ဖျားချင်လာပါတယ်။
ချောင်းလည်းနည်းနည်းဆိုးပါတယ်။ နှာစေးပြီး နှာခေါင်းပိတ်ပါတယ်။ နောက်တစ်ရက်မှာ အနံ့ပျောက်လာပါတယ်။
ရောဂါဖြစ်နေချိန်မှာ မြို့နယ် ဆရာဝန်ကြီးရဲ့ ညွှန်ကြားချက်နဲ့ ကျန်းမာရေးဆရာမများက
လိုအပ်တဲ့ဆေးများကို တိုက်ပါတယ်။ ကျွန်မက (၁)ရက်ပဲ ဖျားပြီး အနံ့ ပျောက်တာက (၅) ရက်လောက်
ကြာပါတယ်။ ကျွန်မက အောက်ဆီဂျင်ကျတာ အသက်ရှူမဝတာတွေ မဖြစ်ပါဘူး။ ဆေးရုံဆရာမများက တစ်နေ့ကို
မနက် တစ်ကြိမ် ညတစ်ကြိမ်(၂)ကြိမ် အောက်ဆီဂျင် တိုင်းပေးခြင်း သွေးပေါင်ချိန်ပေးခြင်း၊
ကိုယ်အပူချိန်တိုင်း ပေးတာတွေ လုပ်ပေးပါတယ်။
ဆရာဝန်ကြီးနဲ့ ဆရာမများက ကိုဗစ်-၁၉ ရောဂါ ဖြစ်နေချိန်မှာ
စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ အာဟာရရှိတဲ့ အစား အစာများကို အချိန်မှန်မှန်စားဖို့၊ အိပ်ရေးဝဝအိပ်ဖို့ကို
ညွှန်ကြားပြောပြပေးပါတယ်။ ကျွန်မအနေနဲ့က လည်း ဆရာဝန်ကြီးနဲ့ကျန်းမာရေးဆရာမများ ပြောကြားတဲ့အတိုင်း
လိုက်နာဆောင်ရွက်နေထိုင်ခဲ့ပါ တယ်။ ကျွန်မအနေနဲ့ ကိုဗစ်ရောဂါကို ပြင်းပြင်းထန်ထန်မခံစားခဲ့ရပါဘူး။
၂၄ ရက်နေ့မှာ ကျွန်မ ဆေးရုံက ကျန်းမာစွာ ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။ ကျွန်မအနေနဲ့ ကျွန်မသာမက
ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးရုံတက်ရောက် ကုသနေကြသော လူနာများ အားလုံးကို ဂရုတစိုက် စိတ်ရင်းစေတနာ
ကောင်းများဖြင့် ကုသပေးပါသော မြို့နယ်ဆရာဝန်ကြီးနှင့် တကွ ဆရာ၊ ဆရာမများ ကျန်းမာရေး
ဝန်ထမ်းများ အဖက်ဖက်က ဝိုင်းဝန်းကူညီပြီး အစားအစာများအား ထောက်ပံ့လှူဒါန်းပေးပါသော
အလှူရှင်များ ပရဟိတအဖွဲ့များအား အထူးကျေးဇူးတင် လျက်ရှိပါကြောင်းလည်း ပြောကြားချင်ပါတယ်။
ပြည်သူတွေကို အဓိကပြောချင်တာက ဘယ်သွားသွား ဘယ်လာလာ နှာခေါင်းစည်းတပ်ပါ၊ လက်ကို မကြာခဏဆေးပါ
ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များကို လိုက်နာကြပါ၊ ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေးကိုလည်း မဖြစ်မနေ ထိုးနှံကြပါလို့ အကြံပြုပြောကြားလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment