စဉ့်ကိုင် အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူး၊ တာ၀န်ရှိသူများနှင့် အထူးဇုံဧက(၂၀၀) စံပြကွက် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ပျိုးသည့် တောင်သူများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မီးသွေးဘုတ်ကျေးရွာအုပ်စု၊ နတ်ရေကန်ကျေးရွာ၊ ကွင်းအမှတ်(၄၆) စျ ရှိတောင်သူ ဦးကံတင်၏ စိုက်ခင်းနေရာတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး
စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး
ဦးတိုးမင်းက ၂၀၂၀-၂၀၂၁ခုနှစ်၊ မိုး၊ မိုးနှောင်းချည်မျှင်ရှည်ဝါများ စိုက်ပျိုးထားရှိရာ
အထူးဇုံဧက စံပြကွက်များမှ ထွက်ရှိလာသော ဝါမျိုးစေ့များအား
လာမည့် ဝါစိုက်ပျိုး ရာသီတွင် မျိုးသန့်၊
မျိုးစေ့အဆင့်အဖြစ် ပြန်လည်အသုံးပြုနိုင်ရန်အတွက် ဝါမျိုးစေ့ထုတ်လုပ်ခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး
ဦးစီးဌာနမှ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီ ဒုတိုင်းဒေသကြီး ဦးစီးမှူး
ဦးစိုင်းသန်းအောင်က စိုက်ပျိုးထားရှိသည့် ဝါစိုက်ခင်းအတွင်း ဝါမျိုးကွဲ နှုတ်ပယ်ခြင်း၊ ဝါမျိုးစေ့ ထုတ်လုပ်ခြင်း လက်တွေ့ပြသခြင်းများကို နည်းပညာပေး၍တောင်သူများ
ဝါမျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်း အဆင့်ဆင့်များအား စနစ်တကျ လိုက်နာဆောင်ရွက်သွားနိုင်ရန် အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပြီး မိုးနှောင်းချည်မျှင်ရှည်
ဝါစိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး
စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး
ဦးတိုးမင်း၊ ဒုတိုင်းဒေသကြီး ဦးစီးမှူး
ဦးစိုင်းသန်းအောင်၊ ကျောက်ဆည်ခရိုင် ဦးစီးမှူး
ဦးစိုးနိုင်၊ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးနှင့်
၀န်ထမ်းများ၊ ဝါစိုက်ပျိုးတောင်သူများ တက်ရောက်
ခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ်တွင်
မိုး၊ မိုးနှောင်းချည်မျှင်ရှည် ဝါစိုက် ဧကစုစုပေါင်း (၆၈၃၉)ဧက စိုက်ပျိုးထားရှိပြီး
မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံဧက(၂၀၀)
စံပြကွက်ကို ရွှေတောင်-၁၀ ဝါမျိုးဖြင့်
FS မျိုးစေ့ အဆင့်အသုံးပြု၍ မီးသွေးဘုတ်ကျေးရွာ
အုပ်စုတွင် တောင်သူ(၄၁)ဦးဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း
မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစိုးထံမှ သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)

No comments:
Post a Comment