Wednesday, October 6, 2021

ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ် စပ်ကုန်စည်စီးဆင်းမှု ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက် နိုင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

 


မြစ်ကြီးနား     အောက်တိုဘာ   ၆

ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများတစ်ဆင့် မြန်မာ-တရုတ်ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ လွယ်ကူမြန်ဆန်စွာ စနစ်တကျ ဆောင်ရွက်သွားနိုင်ရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝ ရရှိစေရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ်၏ စိုက်ပျိုးရေးထုတ်ကုန်များအတွက် နယ်စပ်ကုန်စည်စီးဆင်းမှုသည် အဓိကဖြစ်ပါ ကြောင်း၊ မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည်စီးဆင်းနိုင် မှသာလျှင် စိုက်ပျိုးရေး ထုတ်ကုန်များသာမက စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူများ အားလုံးကို များစွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်းပြန်လည်စီးဆင်းနိုင်‌ရေး၊ စနစ်တကျဖြင့် စီမံအုပ်ချုပ်မှုများဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။      

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ကော်မတီအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားရသည့် နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးသွားရန် ကိစ္စရပ်များနှင့် ပတ်သက်၍ ကြိုတင်စီမံထားရှိမှုအခြေအနေများအပေါ် အကြံပြုသုံးသပ်ဆွေးနွေးကြပြီးတက် ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်စပ်ကုန်သွယ်ရေးဂိတ်တာဝန်ခံများနှင့် နယ်စပ်ကုန်သွယ်‌ရေးလုပ်ငန်းများဆောင်ရွက်နေကြသည့် ပြည်နယ်ကုန်စည်ပို့ဆောင်ရေးအ သင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူ များက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်နှစ်များ တွင်တွေ့ကြုံရ သည့်အားနည်းချက်/အားသာချက်များ၊ ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ တစ်ဖက်တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးခဲ့မှုအခြေအနေများ၊ ကုန်တင်/ ပို့ယာဉ်များ ဝင်/ထွက် သွားလာမှုအတွက် ကြပ်မတ်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ကုန်သွယ်မှုလုပ်ငန်းနှင့် အုပ်ချုပ် ကြီးကြပ်မှုလုပ်ငန်းကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးနိုင် ရေးစသည့်ကိစ္စရပ်များကိုဆွေးနွေးခဲ့ ကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ချုံးခရိုင် တာဝန်ရှိ သူများနှင့် ညှိနှိုင်းဆွေးနွေးရေး တာဝန်ရှိသူများပါဝင်သည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်း ဆောင်ရွက်ပေးပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက်အတွင်း ပါဝင်ပတ်သက်သူ များအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးရေး၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက် မိမိနိုင်ငံမှထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ လေးစား လိုက်နာဆောင်ရွက်ကြရေးနှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ အမြန်ဆုံးစတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကော်မတီအဖွဲ့ဝင်များအကြား ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။  


No comments:

Post a Comment