Wednesday, October 20, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၆၇) သို့ တက်ရောက်မည့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ


 မော်လမြိုင် အောက်တိုဘာ ၂၀

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည်  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် အတူ  ယနေ့နံနက် ၁၀နာရီက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် ပြည်နယ်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အခြေခံပညာ ဆရာ၊ ဆရာမများ   အထူးမွမ်းမံသင်တန်း  အမှတ်စဉ်  ၆၇ သို့  တက်ရောက်မည့် ဆရာ၊ ဆရာမများနှင့်   တွေ့ဆုံပွဲ အခမ်း အနား တက်ရောက်သည်။

အခမ်းအနားတွင် သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူ ၄၉ ဦးတို့က တစ်ဦးချင်း မိတ်ဆက်ပေးပြီး  ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊   သင်တန်းသူများအနေဖြင့်  မိမိတို့ လိုအပ်ချက် အခက်အခဲများအား တင်ပြနိုင်ရန် တွေ့ဆုံပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့၏  ရည်မှန်းချက် တာ၀န်များကို ကဏ္ဍများခွဲကာ စနစ်တကျဖြင့် ပညာသင်ကြားမှသာ ပညာရေးလုပ်ငန်း များတွင် ခိုင်မာစွာ ရပ်တည်နိုင်မှာဖြစ်ကြောင်း၊ စည်းကမ်းအစ အခြေခံကျောင်းကဆိုသည်နှင့် အညီ ပညာရေးဖြင့်သာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် နာယကဂုဏ်ခြောက်ပါးနှင့် ပြည့်စုံရမည့်အပြင် အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးစိတ်များဖြင့် ညာရပ်များကို သင်ကြားပို့ချနိုင်ပါစေကြောင်း၊ ကျန်းမာရေးကို ဂရုစိုက်ကြပြီး စည်းလုံးညီညွှတ်စွာ ပြုမူနေထိုင်ကြရန် အမှာစကား ပြောကြားသည်။

မွန်ပြည်နယ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို နှစ်စဉ်အောင်ချက်ရာခိုင်နှုန်း မြင့်မားတိုးတက် ကောင်းမွန် သည့် ပြည်နယ်တစ်ခု ဖြစ်သည်နှင့်အညီ   ပညာရေးကဏ္ဍ   ပိုမိုတိုးတက်စေရေးအတွက်  သင်တန်းများ စေလွှတ်သင်ကြားပေးလျက်ရှိသကဲ့သို့ လိုအပ်သည်များကိုလည်း ထောက်ပံ့ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အဆိုပါ သင်တန်းကိုလေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည့် ကာအထက်တန်း အဆင့် ၅ ဦး၊ အလယ်တန်းအဆင့် ၁၂ ဦး၊ မူလတန်းအဆင့် ၃၂ဦး စုစုပေါင်း ဆရာ၊ ဆရာမ ၄၉  ဦးတို့က တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း

No comments:

Post a Comment