Friday, October 15, 2021

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃၃/၂၀၂၁)တက်ရောက်ခြင်းနှင့် သာစည်ကျေးရွာ ရှိ ဆည်တော်ပြင်ကျောင်းတိုက် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုများအား ကြည့်ရှု


 




 

မုံရွာ အောက်တိုဘာ ၁

 

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃၃/၂၀၂၁)ကို အောက်တိုဘာလ(၁၄)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကား ပြောကြားရာတွင်   စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ပိုတွေ့ရှိမှု သိသိသာသာ လျော့နည်းသွား တာလည်း တွေ့ရှိရပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ဆောင်ရွက်သကဲ့သို့ စီမံခန့်ခွဲရေးတွင်တာဝန်ရှိသည့် ပုဂ္ဂိုလ်များလည်း ရောဂါ ကူးစက်မှုမခံရစေရေး ဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သည့် လူနာများအား Center များ၊ ဆေးရုံများတွင် ကျွေးမွေးထောက်ပံ့ခြင်းများ၊ အောက်ဆီဂျင်ရရှိရေးနှင့် အခြားလိုအပ်သည်များကိုလည်း ကောင်းမွန်ပြည့်စုံအောင်  ကူညီဆောင်ရွက် ပေးထားပါ ကြောင်း၊ ကျောင်းဖွင့်ချိန် မတိုင်မီ အသက်-၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးကိုလည်း အရေးကြီး တာဝန်တစ်ရပ်အဖြစ် ခံယူကာတာဝန်ရှိသူ များက မိမိကဏ္ဍအလိုက် ကျေပွန်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ကျောင်းများကိုအခြေပြု၍ စာရင်းများကောက်ယူခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ဆောင် ရွက်မှုအားလုံးတွင် လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားကြရန် ” ပြောကြားခဲ့သည်။

 

ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် က  မိမိ တို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိ သူများနှင့်ပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေး သို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ နှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ ဆေးရုံတက်ရောက် ကုသ မှုနှင့် ဆေးရုံဆင်းမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု အခြေအနေများ၊ နယ်မြေလုံခြုံ ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရေး သက်ဆိုင်ရာကျောင်းများအခြေပြု၍ ဆေးထိုးနှံရေး ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြမှုများလိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့နယ်၊ သာစည် ကျေးရွာရှိ ဆည်တော်ပြင်ကျောင်းတိုက် ဘဒ္ဒန္တညာဏ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ် ပစ္စည်းများ နှင့် ဆွမ်းဆန်စိမ်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆည်တော်ပြင်ကျောင်းတိုက် အတွင်း သာစည်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများရှိ အသက် ၄၀ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းတိုက်ရှိ ဓမ္မာရုံတော်ကြီးတွင်ကျင်းပသော ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများ က သာစည်ကျေးရွာရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီး ပေးအပ်ခဲ့ ကြောင်းသတင်းရရှိသည်။                          

ဝင်းဦး(ဇေယျာတိုင်း)





No comments:

Post a Comment