Saturday, October 16, 2021

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား အမှုမှပိတ်သိမ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ် ၁၈၅ / ၂၀၂၁

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက်

(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဝင်များနှင့် စပ်လျဉ်း၍ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းခြင်း

 

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကိုရှေးရှုကာ နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော အောက်ဖော်ပြပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား အမှုမှပိတ်သိမ်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤအမိန့်ကို ထုတ်ပြန်လိုက်သည် -

(က) AA                                                            ၆၁ ဦး။

(ခ) KIA                                                             ၂၃ ဦး။

(ဂ) KNU/KNLA(PC)                                           ၁ ဦး။

(ဃ) MNDAA                                                     ၁ ဦး။

(င) RCSS/SSA                                                 ၁၂ ဦး။

(စ) SSPP/SSA                                                   ၅ ဦး။

(ဆ) TNLA                                                       ၁၁ ဦး။

၂။ အထက်အပိုဒ်(၁) (က)မှ (ဆ) အထိ ဖော်ပြထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဝင်များနှင့် ဆက်စပ်ပါဝင်သူများအပေါ် စွဲဆိုထားသော ပြစ်မှုဆိုင်ရာ အမှုအားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရမည်။

 

                                                                          အမိန့်အရ

အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

No comments:

Post a Comment