နေပြည်တော် အောက်တိုဘာ ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ် ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှ ေဟော်နှင့် မြဝတီကုန်သွယ် ရေးစခန်း (၂) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂) ခုမှယာဉ်စီးရေ (၃) စီးဖြင့် အောက်ဆီဂျင် အရည် (Bowser) ယာဉ် (၁) စီး တန်(၂၀) ၊ အောက်ဆီဂျင် (အိုးခွံ) (၄၈၀)၊ Oxygen Plant (၂) ခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် (Oxygen Generator (၂) ခုတို့ကိုတင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်(၁) စီးမှာ မြဝတီမှ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant (၂) ခုမှာချင်းရွှေဟော်မှ လွိုင်ကော်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာ(၁) ရက် မှ (၁၆) ရက်အတွင်း ကုမ္ပဏီ (၄၈) ခုမှ ယာဉ်စီးရေ (၁၁၅) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၂၃၃) တန်၊ အောက်ဆီဂျင် (အရည်) Storage Container(၂)ခု၊ အောက်ဆီဂျင် (အရည်) Distributor (၃) ခု၊ အောက်ဆီဂျင် (အိုးခွံ) (၁၄၂၀၁) ခု၊ OxygenPlant(၃၆)ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄) ခု၊ Oxygen Generator(၈)ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၁၆၉၉)ခု၊ Test Kit (၁၅၀၀၀) ၊PPE (၈၆၄၇၅) စုံ၊ လက်အိတ် (၅၉) တန်နှင့် နှာခေါင်းစီး (Mask) (၄၃၂) တန် တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်သည်။
အောက်တိုဘာ (၁)ရက်မှ (၁၆) ရက်အတွင်း ပြည်ပမှတင်သွင်းသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ်စုစုပေါင်း (၁၂) စီးမှာ ရန်ကုန်မြို့သို့ (၉) စီးနှင့် မန္တလေးမြို့သို့ (၃) စီးဖြစ်ပြီး Oxygen Plant စုစုပေါင်း (၃၆) ခုမှာ ရန်ကုန်မြို့သို့ (၂၇) ခု၊ မြစ်ကြီးနားမြို့သို့ (၂) ခု၊ ကူမဲမြို့သို့ (၂)ခု၊ လွိုင်ကော်မြို့သို့ (၂) ခု၊ မန္တလေးမြို့ (၁) ခု ၊ ဟုမ္မလင်းမြို့ (၁) ခုနှင့် ကျုံဒိုးမြို့ (၁) ခုစီဖြစ် ကြောင်းသိရှိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်း ထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများတင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိ စေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
No comments:
Post a Comment