Friday, September 3, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေး ဝန်ထမ်းများနှင့် Volunteer များအား ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ လုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပြု ပစ္စည်းများ ပေးအပ်

 




 

ပေါင်းတည် စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပေါင်းတည်မြို့၊ ပြည်သူ့ဆေးရုံတွင်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအားထောက်ပံ့ငွေများ ပေးအပ်ခြင်း နှင့် ကိုဗစ်-၁၉ ရောဂါလုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၁၉)သိန်း၊ Volunteer များအတွက် ထောက်ပံ့ငွေကျပ်()သိန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများအတွက် Oxygen (၄၀)လီတာအိုး (၄၀)လုံး၊ Oxygen Flow meter (၄၀)ခု၊ Concentrator ()လုံး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)


 

No comments:

Post a Comment