ပုံပါကျင် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက “ဝ” အထူးဒေသရှိ ပြည်သူများအား သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး
သွားရောက်ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံကြသည့် ဒေသခံပြည်သူများအား စာရင်းရေးသွင်းခြင်း၊
သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန ်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ
ဆောင်ရွက်ပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ
ကြိုတင်ကာကွယ်ရေး ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက
ထိုးနှံပေးခဲ့သည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပုံပါကျင်မြို့၌ စက်တင်ဘာလ (၁) ရက်က စ၍ထိုးနှံပေးခဲ့ပြီး
မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)အုပ်စုတို့မှ ဒေသခံပြည်သူ (၄၃၄)ဦး နှင့်
“ဝ”အထူးဒေသမှ
ပြည်သူ(၅၆၉)ဦး စုစုပေါင်းလူဦးရေ (၁၀၀၃) အား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း တာဝန်ရှိသူထံမှ
သိရသည်။
သန္တာ (ပြန်/ဆက်)
No comments:
Post a Comment