ကော့သောင်း စက်တင်ဘာ ၂
ကော့သောင်းမြို့တွင် ရောဂါပိုးတွေ့ရှိမှုများပြားသည့် ရပ်ကွက်များအတွင်း ပိုးတွေ့သူနှင့် ဆက်စပ်သူများအား Antigen test kit မိုဘိုင်းအသွင်သဏ္ဍာန်ဖြင့် ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ဖြတ်တောက် ထိန်းချုပ်နိုင်ရေး ကျန်းမာရေးဌာနမှ RTD ဖြင့် လိုက်လံစစ်ဆေး ဖော်ထုတ်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
“အဓိကအားဖြင့် ရပ်ကွက်များထဲ ရောဂါလက္ခဏာမပြဘဲ
ကိုဗစ်-၁၉ရောဂါ ပိုးရှိနေသူတွေကို ဖော်ထုတ်ပြီးတော့ရောဂါ ကူးစက်ပြန့်ပွားမှု ကွင်းဆက်ကိုဖြတ်တောက်
ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း၊ ရပ်ကွက်များအတွင်း ပိုးတွေ့သူများနှင့် ဆက်စပ်တဲ့သူတွေကို
ကျန်းမာရေး ဌာနက အခမဲ့ကွင်းဆင်းစစ်ဆေး ပေးတာဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိမှု များပြားတဲ့
ရပ်ကွက်နှင့် ကျေးရွာများအထိ မိုဘိုင်းအသွင်သဏ္ဍန်နှင့် ရောဂါထိန်းချုပ်နိုင်သည့် အချိန်အတိုင်းအတာ
တစ်ခုအတွင်း လူဦးရေ(၃၀၀၀)ခန့်အထိ လိုက်လံစစ်ဆေးရန် အစီအစဉ်ရှိကြောင်း၊ ရောဂါပိုးရှိသူကို
စစ်ဆေးတွေ့ရှိပါက ပေါ့စတစ်စင်တာသို့ ပို့ဆောင် Quarantine ထားကာ ဆေးကုသမှု ဆောင်ရွက်ပေး
သွားမှာဖြစ်ကြောင်း ကော့သောင်းခရိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။
ယမန်နေ့ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ
ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတဘော်လံတီယာ
အဖွဲ့များဖြင့် လိုက်လံ စစ်ဆေးခြင်းဖြစ်ပြီး ယနေ့ရောဂါပိုးတွေ့ရှိမှုများသည့် အေးရိပ်ရပ်ကွက်အတွင်း
လူ(၁၀)ဦးအား စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသူတစ်ဦး ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ဆက်လက်၍
မြို့ပေါ်အခြားရပ်ကွက်များနှင့် ကျေးရွာများအထိ ရောဂါပိုးရှိသူများကို စစ်ဆေးဖော်ထုတ်
သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)
သတင်းရေးသားပေးပို့သူ ကျော်စိုး(ကော့သောင်း)
ပေးပို့သည့်ဓာတ်ပုံ (၈)ပုံ
ဖုန်း
09250470722

No comments:
Post a Comment