Friday, September 24, 2021

(၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပသည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် အမေရိကန် နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်း

နေပြည်တော် စက်တင်ဘာ ၂၃

 နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့တွင် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပသည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက် ရောက်ခဲ့သည်။

 တက်ရောက်

အစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudi နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြပြီး အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံနှင့်အမေရိကန် တို့မှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။ ။

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး၊ အာဆီယံအမေရိကန် ပူးပေါင်း ဆောင်ရွက်မှုနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးတွင် နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် အရေးကြီးကြောင်း၊ အာဆီယံ၏ ကိုဗစ်-၁၉ ကာကွယ် တိုက်ဖျက်ရေး ကြိုးပမ်းမှုတွင် အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူး တင်ကြောင်း၊ အကူအညီများ ထပ်မံပေး အပ်သွားရန် တိုက်တွန်းကြောင်းနှင့် အာဆီယံပေါင်း စည်းရေး ဦးဆောင်ဦးရွက် ပြုမှုအစီအစဉ် (IAI)ကိုလည်း ဆက်လက် ကူညီပံ့ပိုးသွားရန် တိုက်တွန်းပြောကြား ခဲ့သည်။


မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတွင်း လုံခြုံရေးအခြေအနေ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် မြန်မာနိုင်ငံပြည်သူလူထု အတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရေးအတွက်အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နေမှု အပါအဝင် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေး၏ သဘောတူညီချက် (၅)ချက်အား အကောင်အထည်ဖော်ဆောင်ရွက် နေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

 

တရားဝင်မှုမရှိ CRPH နှင့် NUG တို့မှ ကျူးလွန် လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် ပြည်ထောင်စုဝန်ကြီးက အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကို တိုက်တွန်းခဲ့ သည်။ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများတွင် ယင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ကိုယ်စားပြုမှု လုပ်ဆောင်မှုများသည် တရားဝင်မှုမရှိကြောင်းနှင့် လက်မခံ နိုင်ကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက် ခဲ့ကြသည်။

သတင်းစဉ်


No comments:

Post a Comment