(၁-၉-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
• တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊
နေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါကပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကိုမဖြစ်မနေစနစ်တကျတပ်ဆင်ခြင်း၊
• လက်ကိုမကြာခဏဆေးကြောခြင်း၊
• တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်း၊
• မိမိတို့ နေအိမ်တွင် အသက် (၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့်
နာတာရှည်ရောဂါတစ်ခုခုခံစားနေရသူရှိပါကထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊
• COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကိုအထူးဂရုပြု
ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊
ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား
COVID-19 ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ
(၃၁-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁-၉-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်းဓာတ်ခွဲ နမူနာစုစုပေါင်း
(၃၉,၄၆၁)ခုအားစစ်ဆေးပြီးစီးခဲ့ရာCOVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၃၅၈)ဦး တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ
ဓာတ်ခွဲနမူနာစုစုပေါင်း(၃,၆၅၃,၅၆၂)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ
စုစုပေါင်း (၄၀၂,၆၄၀) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ
(၂,၄၃၉) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၃၅၃,၈၁၁)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး
ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁၀၁) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း
(၁၅,၄၉၀) ဦး ရှိပါသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်
တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍
ထိုးနှံပေးလျက်ရှိရာ (၃၁-၈-၂၀၂၁) ရက်နေ့အထိ လူဦးရေစုစုပေါင်း (၄,၇၆၇,၂၉၈) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ (၂,၁၀၄,၉၃၄)
ဦး နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၂,၆၆၂,၃၆၄)
ဦးရှိပြီဖြစ်ပါသည်။သို့ဖြစ်ပါ၍ (၃၁-၈-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး
အကြိမ်ရေ စုစုပေါင်း (၆,၈၇၂,၂၃၂) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။
• ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်
“ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို
လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါသည်။
• COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို
ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာwww.mohs.gov.mmတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
No comments:
Post a Comment