ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၁၂
တနသ်ာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် စျေးရောင်းသူ၊ စျေးဝယ်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်သွားလာကြရန် အကြိမ်ကြိမ်အသိပေး နှိုးဆော်မှုအား လိုက်နာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို တာဝန်ရှိသူများမှ ယမန်နေ့ နံနက် ၈ နာရီ ကလေညာ အရှေ့ရပ်ကွက်နှင့် အနောက်ရပ်ကွက်ရှိ စျေးဆိုင်များတွင် စစ်ဆေးခဲ့သည်။
စစ်ဆေးခြင်းဆောင်ရွက်ရာ၌ လူသုံးကုန်ပစ္စည်း၊
စားသောက်ကုန်ပစ္စည်း၊ အသားငါး၊ အသီးအရွက်နှင့် မုန့်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိသူများ၊
စျေးဝယ်သူများသည် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ နှာခေါင်းစည်း(Mask)များ
စနစ်တကျ တပ်ဆင်ရန်၊ လက်အိတ်များ အသုံးပြုကြရန်၊ လက်သန့်ဆေးရည်၊ ဆပ်ပြာရည် အသုံးပြု၍
လက်ကို မကြာခဏ ဆေးကြောသန့်စင်ကြရန်၊ စျေးဝယ်သူများ ၆ ပေအကွာမှ နှာခေါင်းစည်း(Mask)
တပ်ဆင်ပြီး ဝယ်ယူကြရန်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့စည်ပင်သာယာရေး တာဝန်ခံမှ
ပြောကြားသည်။
အဆိုပါရှောင်တခင် စစ်ဆေးခြင်းအဖွဲ့တွင်
မြို့စည်ပင်သာယာရေးအဖွဲ့၊ သန္ဓေမီးသတ်၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်
ရပ်မိရပ်ဖများ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စည်းကမ်းချက်များ
လိုက်နာကြရန် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)

No comments:
Post a Comment