Sunday, September 5, 2021

ဝါးခယ်မမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် နေအိမ်(၁၃)လုံး ပြောင်းရွှေ့

 





ဝါးခယ်မ  စက်တင်ဘာ ၅

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာတွင် ယနေ့ နံနက် (၁၀)အချိန်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အရှည်(၅၀)ပေ၊ အကျယ်(၃၀) ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါး အနီးတွင် နေထိုင်သော လူနေအိမ် (၁၃)လုံးနှင့်မိသားစုဝင် ကျား(၂၂)ဦး၊ မ(၃၃)ဦး၊ စုစုပေါင်း(၅၅)ဦး အားရွှေလောင်း နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ခဲ့ကြရာ ရွှေ့ပြောင်းခဲ့သည့် နေအိမ်များ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်(၃၃) သိန်းဖြစ်ကြောင်း သိရသည်။

 

ဟင်္သာဒုံးကျေးရွာအုပ်စုတွင် ဟင်္သာဒုံး၊ ကံစု၊ ငှက်စု၊ ကုလားကျွန်း၊ ကူးတို့ဆိပ်သောင်၊ ကုလား ကျွန်းသောင်၊ အရှေ့သောင်တန်း စသည့်ကျေးရွာ(၇)ရွာရှိကြောင်း၊ ကျေးရွာ အုပ်စုအတွင်း အိမ်ခြေ (၁၂၃၄)လုံး၊ အိမ်ထောင်စု (၁၂၄၉)စု၊ လူဦးရေ ကျား(၂၅၃၄)ဦး၊ မ(၂၆၆၁)ဦး၊ ပေါင်း(၅၁၉၅)ဦး နေထိုင်ပြီး ဟင်္သာဒုံးရွာမကျေးရွာတွင် အိမ်ခြေ (၁၈၈)လုံး၊ အိမ်ထောင်(၁၉၀)စု၊ လူဦးရေ ကျား (၃၇၅)ဦး၊ မ(၃၉၀) ဦး၊ ပေါင်း(၇၆၅)ဦး နေထိုင် ကြောင်းနှင့် ၎င်းကျေးရွာ အုပ်စုသည် ဧရာဝတီမြစ်ကမ်းပါး အနီးတွင်တည်ရှိသောကြောင့် အလားတူမြစ်ကမ်း ပါးပြိုကျမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရပါသည်။

 

စောသန္တာဦး

No comments:

Post a Comment