တပ်ကုန်း စက်တင်ဘာ ၂
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်တပ်ကုန်းမြို့နယ် ညောင်လွန့် ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၂၇၀)၊ တောင်သူ ဦးမောင်သင်၏ ပေါင်းစည်းလယ်ယာ လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါ ပေါင်းစည်းလယ်ယာလုပ်ငန်းများကြည့်ရှုရာတွင်
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က
တောင်သူများအနေဖြင့် စားကုန်များအဆင့်အမြင့်ရောင်းချနိုင်ရေး နှင့်တတ်နိုင်သည့်ဘက်က
ပံ့ပိုးကူညီနိုင်ရေး လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ ပုဂ္ဂလိက ပေါင်းစည်းလယ်ယာလုပ်ငန်းရှင် ဦးမောင်သင်တို့က ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး (RS-CS) ဆင်း သုခ မျိုးစေ့ထုတ်
စိုက်ခင်း(၇၀.၀၀)ဧက စိုက်ပျိုးထားရှိမှုအခြေအနေများ၊ မေထုန်နွား၊ ရိုးရိုးနွား၊ ဆိတ်၊ငါးခူ၊
ငါးမြစ်ချင်းမွေးမြူထားရှိမှု အခြေအနေများ၊ သဘာဝမြေဩဇာထုတ်လုပ်မှု အခြေအနေ များနှင့်ကုန်ကျမှုစရိတ်
အခြေအနေများ ရှင်းလင်းတင်ပြကြပြီး၊ ပေါင်းစည်းလယ်ယာလုပ်ငန်း
နေရာတွင် လျှပ်စစ်ထရန်စဖော်မာ တပ်ဆင်ရရှိရေးကို
ဆက်လက်တင်ပြ၍လည်းကောင်း၊ တက်ရောက်လာသည့် တောင်သူများ ကလည်း စိုက်ပျိုးရေးလုပ်ငန်းများ
အချိန်မီအောင် ဆောင်ရွက် နိုင်ရေးအတွက် ဆည်မြောင်းရေများ ရရှိရေးကို တင်ပြကြသည်။
တောင်သူများတင်ပြမှုများကို နေပြည်တော်
ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်
တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နှာခေါင်းစည်း(Mask)
(၅၀၀)ခု၊ Hand Gel (၁၂)ဘူးကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပေါင်းစည်းလယ်ယာ ဆောင်ရွက် ထားရှိမှုများအား
လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည်
တပ်ကုန်းမြို့အဝင် ညောင်လွန့်ပူးပေါင်း စစ်ဆေးရေး ဂိတ်သို့ ရောက်ရှိ၍ ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာအေးအေးမာက ညောင်လွန့် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉
ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြ၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်
ဗိုလ်မှူးကြီး မင်းနောင်တို့က ဖြည့်စွက်မှာကြားခဲ့ပြီး နှာခေါင်းစည်း(Mask) (၅၀၀)ခု၊Hand
Gel (၁၂)ဘူး ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်
တာဝန်ရှိသူများသည် တပ်ကုန်းခုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာထွန်းထွန်းက ကိုဗစ်-၁၉ ရောဂါ သံသယရှိပြည်သူများအား
စစ်ဆေးပေးနေမှုအခြေအနေ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသည့် ပြည်သူများထားရှိမှု အခြေအနေများ
ရှင်းလင်းတင်ပြပြီးခဲ့ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက
ဖြည့်စွက်မှာကြားခဲ့ပြီးနောက် ထောက်ပံ့ ငွေကျပ် (၅)သိန်း၊ Oxygen အိုး ( 40 Liter)
၁၀လုံး၊ MEDICAL REGULATOR (၁၀)ခု၊ နှာခေါင်းစည်း(Mask)နှင့် Hand Gelတို့ကို ဒေါက်တာထွန်းထွန်းအား
ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊
နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဝါဆိုသင်္ကန်းနှင့် ဆန်(၅)အိတ်၊ ဆီ(၅)ပုံး၊ ဆား(၁၀)ပိဿာ၊
ကြက်ဉ(၂၀)ကဒ် ၊ကြက်သွန်(၂၀)ပိဿာနှင့်ဝတ္ထုငွေကျပ်(၅)သောင်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ရာ
မဟာဇနက ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ ဝဏ္ဏာရဟ ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍
ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ သည်။
ဆက်လက်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ
ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ
အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
အစည်း အဝေးခန်းမသို့ ရောက်ရှိ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးသည့်
လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ရာ
တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ထောက်ပံ့ငွေကျပ်(၃)သိန်း၊ နှာခေါင်းစည်း
(Mask) (၅၀၀)ခု၊Hand Gel (၁၂)ဘူး၊Hand Gel Refill (5 Liter) (၅)ဘူးထောက်ပံ့ပေးအပ်ခြင်း၊
မြို့နယ်ရဲတပ်ဖွဲ့ကို ထောက်ပံ့ငွေကျပ်(၅)သိန်း၊ နှာခေါင်းစည်း(Mask) (၅၀၀)ခု၊Hand
Gel ဘူး သေး(၁၂)ဘူးထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ကိုဗစ်လူနာများအတွက် လူတစ်ဦးလျှင် ဆန်(၁)ပြည်
နှုန်းဖြင့် ဆန် (၃၈)အိတ်ကို ထောက်ပံ့ပေး အပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ
ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ
အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
အစည်းအဝေး ခန်းမတွင် ကံကြီးမွေးမြူရေးဇုန်နှင့်ရွှေမြို့မွေးမြူရေးဇုန်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့
ရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး
ဒေါက်တာကျော်ဝင်းက မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပြည်ထောင်စု
နယ်မြေ၊ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးဇော်မိုးအောင်က ကံကြီးမွေးမြူရေးဇုန်၊ ရွှေမြို့မွေးမြူရေးဇုန်နှင့် ပြောင်ခေါင်းကြီးမွေးမြူရေး
ဇုန်တို့၏ မြေယာကိစ္စများရှင်းလင်းတင်ပြခြင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သစ်တော
ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမော်က လယ်ဝေးမြို့နယ်၊မင်းပြင်မွေးမြူရေးဇုန်နှင့်
ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
အဆိုပါဌာနဆိုင်ရာတာဝန်ရှိသူများ တင်ပြမှုများအား
နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က
ဖြည့်စွက်မှာကြားခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်းများ အား နှာခေါင်းစည်း(Mask)(၅၀၀)ခု၊Hand
Gel ဘူးသေး(၁၂)ဘူး ထောက်ပံ့ပေးအပ်၍ အခမ်းအနား ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
တင်စိုးလွင်

No comments:
Post a Comment