Wednesday, September 1, 2021

မြို့နယ်အတွင်း အလှူရှင်များ လှူဒါန်းသည့် အောက်ဆီဂျင်စက် ချောင်းဆုံဆေးရုံသို့ရောက်ရှိ


 

ချောင်းဆုံ            စက်တင်ဘာ ၁

မော်လမြိုင်ခရိုင်၊   ချောင်းဆုံမြို့နယ်ရှိ   ဆေးရုံများနှင့်  ပြည်သူများအောက်ဆီဂျင်အလုံအလောက် ရရှိနိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင်များမှလှူဒါန်းငွေများဖြင့်ယနေ့ မွန်းလွဲ ၂ နာရီ က ချောင်းဆုံဆေးရုံသို့ ထိုင်းနိုင်ငံမှတဆင့်  ဝယ်ယူထားသည့်  အောက်ဆီဂျင်စက်ကို   မုဒုံမောင်မောင် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေးယာဉ်ဖြင့်  အောက်စီဂျင်စက် ရောက်ရှိကြောင်း သိရသည်။

 မြို့နယ်ဆေးရုံဝင်း အောကဆီဂျင်စက်ရုံသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသည့်အောက်စီဂျင် စက်ကို တပ်ဆင်ဆောင်ရွက်နိုင်ရန် မော်တော်ယာဉ်မှ စက်ရုံအတွင်းသို့ သယ်ယူဆောင်ရွက် နေမှု အား မြို့နယ်အောက်စီဂျင်စက်နှင့် စက်ရုံဖြစ်မြောက်ရေးကော်မတီ နာယက ရွှေမြင့်မိုရ်တောင် ဆရာတော် ဒေါက်တာအရှင်ပဏ္ဏိတ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် တာဝန်ရှိသူများက စက်ရုံတွင် အောက်ဆီဂျင်စက် တပ်ဆင်ခြင်းနှင့် စက်စမ်းသပ်လည်ပတ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိဆေးရုံများတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ ဝေဒနာရှင် များနှင့်အခြားရောဂါများအတွက် အောက်စီဂျင်များလိုအပ်သလို အသုံးပြုနိုင်ရန်  မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့်တာဝန်ရှိသူများ၏ ပံ့ပိုးကူညီမှုနှင့်အတူ အလှူရှင်များ၏လှူဒါန်းငွေ ဖြင့်အောက်စီဂျင်စက်ဝယ်ယူထားပြီး စက်တပ်ဆင်ပြီးစီးပါက တစ်နေ့လျှင် ၄၀လီတာအိုး အလုံး၂၀၀ ခန့်ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)


           

 

No comments:

Post a Comment