နေပြည်တော်၊ စက်တင်ဘာ ၆
နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်စိတ်တပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ယက်များအား နိုင်ငံ တစ်ဝှမ်းလုံး ဖြန့်ကျက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေး တာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေးစိုက်ထူ ဆောင်ရွက်ပေးထားရှိခဲ့သည်ကို အေးချမ်းစွာနေထိုင် လိုခြင်းမရှိဘဲ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင် လာကြသည်ကို တွေ့ရှိရသည်။
ထိုသို့ ဖျက်ဆီးခြင်းများဆောင်ရွက်ရာတွင်
စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁ နာရီခွဲ အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့နယ်၊
ကျည်တောက်ပေါက်ကျေးရွာ ဓမ္မာရုံအနီးနေ မသန်းသန်းတိုး(၄၅)နှစ်၊ (ဘ)ဦးတိုင်းအောင်၏ နေအိမ်ခြံဝင်းအတွင်း
စိုက်ထူထားသည့် Ooredoo ဆက်သွယ်ရေးတာဝါတိုင်၏ ဆက်သွယ်ရေးစက်များတပ်ဆင်ထားသည့် အထိုင်စက်ပုံးအား
အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးရှိပြည်သူများမှ
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၂ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး
မီးလောင်မှုကြောင့် ဆက်သွယ်ရေးစက်ပုံးအတွင်းမှ စက်ပစ္စည်းများနှင့် ကေဘယ်လ်ကြိုးများ
မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ ကြောင်း သိရသည်။
အလားတူ နံနက် ၃ နာရီခွဲ အချိန်တွင် မိတ္ထီလာမြို့ရှောင်လမ်းအနီး
သာစည်မြို့နယ်၊ ကျည်းကန် ကျေးရွာနေ ဦးဟန်ရှိန်(၅၂)နှစ်၊ (ဘ)ဦးမြင့်မောင် ပိုင်ဆိုင်သော
တောင်ယာကွက်ထဲ၌ စိုက်ထူထား ရှိသည့် Mytel/Telenor/Ooredoo ဆက်သွယ်ရေးစက်များနှင့် ဘတ္ထရီအိုးများ
ထည့်သွင်း ထားသည့် စက်ခန်းအတွင်းသို့ အကြမ်း ဖက်သူများက မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့၍
မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက
သွားရောက် စစ်ဆေးခဲ့ရာ စက်ခန်းအတွင်း တပ်ဆင်ထားသည့် AC ပါဝါကေဘယ်ကြိုး ၃၀ မီတာ၊ Singel Bigger ၄ လုံး၊
ဆိုလာပါဝါကေဘယ်ကြိုး ၂၀ မီတာခန့်တို့အား ဖျက်ဆီးခံထားရပြီး မီးပုလင်း ပစ်ခဲ့မှုကြောင့်
မီးလောင်ကျွမ်းမှုမရှိဘဲ စက်ခန်းအနီးမှ ဓာတ်ဆီနံ့ရရှိသော ပုလင်းကွဲများ တွေ့ရှိသိမ်းဆည်း
ရရှိခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင်
ပြင်ဦးလွင်မြို့နယ်၊ အနီး စခန်းနှင့် ဆင်လမ်းဆည်သို့ ဆက်သွယ်ထားသည့် မြေသားလမ်းဘေးနေ
ဒေါ်ဘောက်မိုင် (၅၆)နှစ်၊ (ဘ) ဦးဂွန်ဂျာ၏ နေအိမ်ခြံဝင်းအတွင်း၌ စိုက်ထူထားသည့်
Ooredoo /Telenor ဖုန်းလိုင်းများ၏ ထပ်ဆင့်ထုတ်လွှင့်ရေး ဆက်သွယ်ရေးတာဝါတိုင်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း
သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ Ooredoo ဖုန်းလိုင်းထပ်ဆင့်
ထုတ်လွှင့် ဆက်သွယ်ရေး စက်ပုံး၏ အောက်ခြေ၌ အကြမ်းဖက်သူများ ဖောက်ခွဲခဲ့သည့် လက်လုပ်မိုင်း
တစ်လုံးပေါက်ကွဲ ထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် Ooredoo ဆက်သွယ်ရေးစက်များ
ထည့်ထားသည့် စက်ပုံးပျက်စီးခဲ့ပြီး အနီးရှိ Telenor ဆက်သွယ်ရေးစက်များ အနည်းငယ်ပျက်စီးကာ
ဆက်သွယ်ရေး ဖိုင်ဘာကြိုး ၅ ချောင်း ပြတ်တောက် ပျက်စီးခဲ့သဖြင့် တန်ဖိုးငွေသိန်းပေါင်း
၂၀၀၅ သိန်း ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
သတင်းစဉ်
No comments:
Post a Comment