Sunday, September 5, 2021

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သာစည်မြို့နယ်ရှိ ထုံးကျောက်ထုတ်လုပ်ကွက်၊ ဘိလပ်မြေစက်ရုံတို့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု ကွင်းဆင်းစစ်ဆေး

 


 နေပြည်တော် စက်တင်ဘာ ၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြင်ညောင်ရှိ ရွှေတောင်သတ္တု တူးဖော်ရေးကုမ္ပဏီလီမိတက်၏ ထုံးကျောက်လုပ်ကွက်၊ အပါချီဘိလပ်မြေ စက်ရုံ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ လိုက်နာဆောင်ရွက်ထားမှု အခြေအနေ တို့ကို ကွင်းဆင်းစစ်ဆေးသည်။

ပြောကြား

ကွင်းဆင်းစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ယခုစက်ရုံသည် တစ်ရက်လျှင် ဘိလပ်မြေ တန်ချိန် ၅၅၀၀ ထုတ်လုပ်နိုင်ပြီး လိုအပ်သောထုံးကျောက် ကုန်ကြမ်းကိုလည်း အနီးအနားတွင် လုံလောက်စွာ ရရှိနိုင်သည့်အတွက် စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်သည့် အခြေအနေတွင် ရှိကြောင်း၊ ထုံးကျောက် ထုတ်လုပ်မှုနှင့် ဘိလပ်မြေစက်ရုံလည်ပတ်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပိုင်းကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ Gədbegripoo Responsible Investment ဖြစ်စေပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)ကို ရရှိစေမည်ဖြစ်ကြောင်း Responsible Investment တွင် Environmenti Sociali Governance - ESG ကိုလည်း ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဘိလပ်မြေထုတ်လုပ်ရာမှထွက်ရှိလာသော ထုတ်လွှတ် အခိုးအငွေ့များကို စနစ်တကျထိန်းချုပ်သည့် စနစ်များ၊ ပုံမှန်စောင့်ကြည့် စစ်ဆေးသည့်စနစ်များ တပ်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်ရုံအနေဖြင့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်မှု၊ ဂေဟစနစ် ပျက်စီးမှု၊ ကျန်းမာရေးထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် အတည်ပြုထားပြီး ဖြစ်သော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment - EIA) အစီအရင်ခံစာနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်နှင့် ရေရှည်တွင် သန့်ရှင်းသောနည်းပညာ (Clean Technology) များကိုလည်း ပြောင်းလဲတိုးတက်လာသော ခေတ်နှင့်အညီ မြှင့်တင်ဆောင်ရွက် သွားရန်လိုကြောင်း ပြောကြားသည်။

လမ်းညွှန်မှာကြား

ဆက်လက်၍ တာဝန်ရှိသူများက ထုံးကျောက် ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်၊ ဘိလပ်မြေစက်ရုံ လည်ပတ်ဆောင်ရွက်မှုနှင့် EIA အစီရင်ခံစာအပေါ် အဆင့်အလိုက် လိုက်နာဆောင်ရွက်ထားရှိမှုများကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အရှေ့ ရေပေါင်းစုံကြိုးဝိုင်း အကွက်အမှတ်(၁၀)တွင် သစ်တောဦးစီးဌာနက တည်ထောင်ထားသော ကျွန်းသစ်စေ့ထုတ်ဧရိယာ ၂၁ ဧကသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment