Monday, September 27, 2021

မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်ပါ လုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့်မှု များဆောင်ရွက်

 



ကော့သောင်း  စက်တင်ဘာ ၂၇

မီးဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ကော့သောင်း)မှ မီးဘေးကြိုတင် ကာကွယ်ရေးစီမံချက်ပါ လုပ်ငန်းများအား ဇာတ်တိုက်လေ့ကျင့်မှုကို စက်တင်ဘာလ၂၆ရက် နေ့ နံနက်ပိုင်းက  အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ကော့သောင်း) ရုံးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် မှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (ကော့သောင်း)မှ ဒုတိယရဲမှူး အောင်ဆန်းဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးချစ်မင်းသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်များနှင့်မိသားစုဝင်များပူးပေါင်းကာ တပ်ဖွဲ့၏ မီးဘေးကာကွယ်ရေး စီမံချက်ပါလုပ်ငန်းများ ဖြစ်သည့် အရေးကြီး စာရွက်စာတမ်းများဦးစားပေးအဆင့်သိမ်းဆည်းထားသို့မှု၊ မီးဘေးအန္တရာယ် ဖြစ်ပွားပြီးအရေးကြီးအချိန်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အရေးပေါ်အချိန်တွင် ဆောင်ရွက်မည့်လုပ်ငန်းများ၊ မီးသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့်လူနာ တင်ယာဉ်များဖြင့် ကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများ အသုံးပြုကာ အန္တရာယ်ကင်းရှင်းစွာ အရေးပေါ်ကယ်ဆယ်မှု လုပ်ငန်းများ၊ဒဏ်ရာရရှိ သူများအား ရှေးဦးပြုစုမှုလုပ်ငန်းများ၊ မီးလောင်မှုဖြစ်စဉ်များပေါ်ပေါက် လာပါက လက်တွေ့မီးငြိမ်းသတ်မှုလုပ်ငန်းများ၊ မီးသတ်ဆေးဗူးအား ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ် မီးငြိမ်းသတ်ပုံနည်းစနစ်များစသည့် စီမံချက်ပါ လုပ်ငန်းစဉ်များအား ဇတ်တိုက်လေ့ကျင့်ခဲ့ကြခြင်း ဖြစ်သည်။

မီးဘေးအန္တရာယ်ဖြစ်ပွားလာချိန်တွင်  နိုင်ငံပိုင်၊ဌာနပိုင်အဆောက်အဦနှင့် ပစ္စည်းများ ပျက်စီး ဆုံးရှုံးမှုမရှိစေရေးနှင့် ထိရောက် လျင်မြန်စွာ မီးငြိမ်းသတ်နိုင်ရေး ဇတ်တိုက်လေ့ကျင့်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)

No comments:

Post a Comment