Saturday, September 25, 2021

ပုသိမ်ကြီးမြို့နယ်တွင် လက်လုပ်မိုင်း လာရောက် ပစ်ခတ်ဖောက်ခွဲသူအား ဖမ်းဆီးရမိ

 


ပုသိမ်ကြီး စက်တင်ဘာ ၂၅

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် အောင်ချမ်းသာကျေးရွာအုပ်စု၊ မန္တလေး-မတ္တရာ ကားလမ်းဘေးရှိ ရွှေကျင်စုပေါင်းစစ်ဆေးရေးဂိတ်တွင် ပုသိမ်ကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးနှင့်အဖွဲ့ဝင် (၃)ဦးတို့သည် နယ်ကျော်သွားလာမှုများအား လုံခြုံရေး ဆောင်ရွက်နေစဉ် နံနက် ၈ နာရီ ၁၇ မိနစ်အချိန်ခန့်တွင် အမည်မသိ လူ(၁)ဦးမှ လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်ထွက်ပြေးသဖြင့်  လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်လုပ်မိုင်း လာရောက်ပစ်ခတ်သူ ကွန်ပျူတာတက္ကသိုလ်တွင် နေ့စားလုံခြုံရေးတစ်ဦး ဖြစ်သည့် လွင်ထူး (၄၇) နှစ်၊ (ဘ) ဦးကျော်မြင့်၊ ဒဟတ္တောကျေးရွာ၊ ဥယျာဉ်ကုန်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူအား စစ်မေးနေစဉ် သဲအိတ်ဘန်ကာအတွင်း ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဘန်ကာအမိုးလွင့်စင်ပြီး ဂိတ်အနီးဖြတ်သန်း မောင်းနှင်လာသည့် မတ္တရာမြို့နယ် နံ့သာမြိုင်ကျေးရွာမှ မကြည်ကြည်ခင် အသက် (၁၈ နှစ်) (ဘ) ဦးမောင်မြင့်မှာ ဝဲဘက်တံတောင်နာကျင်၊ ဝဲဘက်ဒူးခေါင်းနာကျင်(မစိုးရိမ်ရ)၊ မရင်မာထွေး (၁၄ နှစ်) (ဘ) ဦးမောင်မြင့်မှာ သဲထိမှန်၊ မျက်စိစပ်(မစိုးရ)၊ မသင်းသင်းဆွေ (၁၂ နှစ်) (ဘ) ဦးညွန့်ရွှေမှာ မျက်နှာဝဲဘက်အနည်းငယ် ပွန်း(မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြသည်။

လက်လုပ်မိုင်းပစ်ပေါက်သူ ဦးလွင်ထူးနှင့်အတူပါလာပြီး ဆိုင်ကယ်ပျက်သဖြင့် နောက်တွင် ကျန်ရစ်ခဲ့သည့် သားဖြစ်သူ ကျော်ဇင်မင်း (၁၇နှစ်) ကိုပါ ဆက်စပ်ဖမ်းဆီးရမိခဲ့ပြီး အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇင်မြင့်နှင့် ပုသိမ်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းထွဋ်အဖွဲ့တို့မှ ၎င်းတို့နေထိုင်သည့် နေအိမ်များသို့ ဆက်လက်ရှာဖွေရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဇာနည်ကိုကို

 

 


 




No comments:

Post a Comment