Wednesday, September 1, 2021

ပုဂံမြို့ ကယ်တော်မူပါချောင်းရေကျသဖြင့် အနော်ရထာရပ်ကွက် နေအိမ်များအတွင်း ရေကြီး ရေလျှံမှုဖြစ်

 




ပုဂံ  စက်တင်ဘာ ၁

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့တွင် ယမန်နေ့နံနက် ၂နာရီ အချိန်ခန့်က ရွာသွန်းခဲ့သည့်မိုးကြောင့် ကယ်တော်မူပါချောင်း၊ ရေကြီးရေလျှံမှုဖြစ်ကာ ပုဂံမြို့၊ အနော်ရထာ ရပ်ကွက်အတွင်း နေအိမ်များအတွင်း ထိရေကြီးရေလျှံမှုဖြစ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံ ကသိရသည်။

 

ကယ်တော်မူပါ ချောင်းရေကြီးရေလျှံမှုဖြစ်လျှင်ဖြစ်ခြင်း ညောင်ဦးခရိုင်/မြို့နယ်မီး မီးသတ် ဦးစီးမှူးများဖြစ်သည့် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူတို့ ဦးဆောင်ကာ ပုဂံနယ်မြေ မီးသတ်စခန်းမှ မီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ရေကြီးရေလျှံလျှက်ဖြစ်နေသည့် ပုဂံမြို့၊ အနော်ရထာ ရပ်ကွက်၊ ရေဝင်အိမ်ထောင်စု (၃၁)စုရှိ နေအိမ်အောက်ထပ်မှပစ္စည်းများအား ရေလွှတ်ရာ နေအိမ်အပေါ်ထပ်သို့ ရွေ့ပြောင်းပေးခြင်း၊ တစ်ထပ်အိမ်ထောင်စုများမှ ပစ္စည်းများအားရေ လွှတ်ရာ ဆွေမျိုးသားခြင်း အိမ်များသို့ရွေ့ပြောင်းပေးခြင်းနှင့် ချောင်းရေနှင့်အတူပါလာ သော သဲနှုန်းများ၊ အမှိုက်များ၊ ဒိုက်များအား ကူညီရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကာ နေ့ခင်း ၁၁နာရီခွဲအချိန်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါချောင်းရေ ရေကြီးရေလျှံရာသို့ ပုဂံမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်ညွန့်နှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပုဂံနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များကူညီဆောင်ရွက်ပေးခဲ့ ကြောင်း၊စုစုပေါင်း အင်အား ၇၀ခန့်ဖြင့်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရကာ ကယ် တော်မူပါချောင်းရေသည် ရပ်ကွက်အတွင်းလူနေအိမ်များအတွင်း အနိမ့်ဆုံးနေရာ ၆ပေ ခန့်မှ အမြင့်ဆုံးနေရာ ၅ပေခန့် အထိဝင်ရောက်ခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များ၊လူနေအိမ် ပျက်စီးခြင်းများမရှိခဲ့ကြောင်းလည်း သိရပြီး အိမ်ခြေ (၁၀၀)ခန့်ထိရေဝင်ရောက်ခဲ့ပြီး ၃၁ အိမ်ထောင်စုမှ ပစ္စည်းများ ရွေ့ပြောင်း ပေးခဲ့ကြောင်း၊ အနော်ရထာရပ်ကွက်တွင် အိမ် ထောင်စု (၈၀၅)စုရှိကြောင်းသိရသည်။

 

ကိုထိန်၊KPD

No comments:

Post a Comment