Monday, September 6, 2021

ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဂွမြို့၊ ဂွချောင်းတံတား ချဉ်းကပ်လမ်းမြေယာ လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်



 


ဂွ     စက်တင်ဘာ     ၆

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး သက်လွင်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဂွမြို့(အ.ထ.က)ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည့် ဂွချောင်း တံတားချဉ်းကပ် လမ်း မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ဂွချောင်းတံတားချဉ်းကပ် လမ်းတွင် ပါဝင်နေသည့် မြေပိုင်ရှင်၂၆ဦးအတွက် မြေနှင့်သီးနှံလျော် ကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြေယာလျော်ကြေးငွေပေးအပ်မှုနှင့်ပတ်သက်၍ လမ်ပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူး ကြီးသက်လွင်က"ဂွချောင်းတံတားသည် ဂွမြို့ကင်းရုံးရပ်ကွက်ကမ်းခြေမှ မကျေးငူ ကျေးရွာသို့ ဆက်သွယ်သည့်တံတားဖြစ်ပြီး တံတားအား သံကူကွန်ကရိများဖြင့် တည်ဆောက် ထားကြောင်း၊ ချောင်းရေအထက်အမြင့်ပေ(၂၀)မြင့်ပြီး တံတားအကျယ်မှာ (၈၅)ပေကျယ်ကြောင်း၊ တံတားအရှည် မှာ(၁၃၉၈ပေ×၉လက်မ )ရှိပြီး၂၆ပေ× ၃လက်မ×(၃)ခန်း+ ၁၀၀ပေ ×၁၂ခန်း+၆၀ပေ×(၂) ခန်း ရှိကြောင်း၊တံတားအကျယ်မှာယာဥ်သွားလမ်းအပါအဝင်(၂၄)ပေရှိ၍ ဘေးနှစ်တွင်၃ပေ၆လက်မ. လူသွားလမ်းအကျယ် (၃၁)ပေရှိကြောင်း၊ ဂွချောင်းတံတားချဉ်း ကပ်လမ်းနှင့် ပတ်သက်၍ မကျေးငူကျေးရွာဘက်ခြမ်းတွင် ချဉ်းကပ်လမ်းအား (၁၁၀၅m)မီတာ အရှည်ဆောင်ရွက်လျက်ရှိပြီး ဂွမြို့ဘက်ခြမ်းတွင်(၄၄၁m) မီတာအရှည်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အဆိုပါ ဂွချောင်းတံ တားချဉ်းကပ်လမ်းတွင်ပါဝင်နေသည့်မြေပိုင်ရှင်(၂၆)ဦးအတွက်မြေနှင့်သီးနှံလျော်ကြေးငွေကျပ်(၂၀၁၃၄၉၀၀၀/)ကျပ်နှစ်ထောင်တစ်ဆယ့်သုံးသိန်းလေးသောင်းကိုးထောင်အား ၂၀၂၀၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်နယ်အထွေထွေ ပိုလျှံရန် ပုံငွေဖြင့် ငရုတ်ကောင်း-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွလမ်း(မကျေးငူ-ဂွအပိုင်း)ပေါ်ရှိ ဂွချောင်းတံတား၏ ချဉ်းကပ်လမ်းတာဘောင်ချဲ့ရန်အတွက် မြေယာလျော်ကြေး ငွေပေးချေခွင့်ပြုမိန့်ရရှိလာပြီဖြစ်သဖြင့် ယနေ့တွင် လျော်ကြေးငွေပေးချေသည့် အခမ်းအနားသို့ တက်ရောက်ခြင်းဖြစ်ကြောင်း" အဖွင့်အမှာ စကားပြောကြားခဲ့သည်။


ဆက်လက်ပြီး တောင်သူတစ်ဦးချင်းအလိုက် မြေယာလျော်ကြေးငွေများကို ရခိုင်ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး သက်လွင်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇာနည်ကျော်နှင့် အဖွဲ့ဝင် များက ပေးအပ်ခဲ့ရာ မြေယာလျော်ကြေးငွေလက်ခံရရှိမှုအပေါ် တောင်သူတစ်ဦးကကျေးဇူးတင် စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဂွချောင်းတံတားသည် ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာပေါင်းမြို့တို့နှင့် ဆက်စပ်လျက်ရှိသဖြင့် ဂွချောင်းတံတားတည်ဆောက်ပြီးပါကဒေသခံများအနေဖြင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ သွားလာရာတွင် လမ်းပန်းဆက်သွယ်ရေး ယခင်ကထက်ပို၍ အဆင်ပြေ ကောင်းမွန်လာမည်ဖြစ်သည့်အပြင် ကုန်စည်စီဆင်းမှု ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်းသိရသည်။

ရွှေရည်ဝင်းကျော်

No comments:

Post a Comment