ဟင်္သာတ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာရှင်ပြည်သူများ စုပေါင်း လှူဒါန်းသော ဆွမ်းဆန်(၆၀၁)အိတ်၊ ဆီ(၁၀၅၀)ပိသာ၊ ပဲ (၁၇၄၀)ပိသာ၊ ဆား(၃၀၅) ပိသာ လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ဟင်္သာတမြို့ မြစ်ကွေ့ကျောင်း တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလှူဒါန်းပွဲကိုဦးစွာ
နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ဝင် ဟင်္သာတမြို့
ဘိုးသိန်းတန် ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ
ငါးပါးသီလ ခံယူဆောက်တည်ကာ ကြွရောက်တော် မူလာကြသော သံဃာတော်များက ပရိတ်တရားတော်များ
ရွတ်ပွားချီးမြှင့် ခဲ့ကြပါသည်။
ထို့နောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်များကို လှူဖွယ် ပစ္စည်းများ
ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထို့နောက်
ဘိုးသိန်းတန်ကျောင်း ဆရာတော်ထံမှ လှူဒါန်းမူ အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး
အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း
သိရသည်။
ကိုဇော်
(ခရိုင်၊ပြန်/ဆက်)
09.451242272

No comments:
Post a Comment