ကျီခါး စက်တင်ဘာ ၂
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျီခါးမြို့မှ (၆)မိုင်ခန့်အကွာ ဗန်လိုင်ကျေးရွာ သွားလမ်းရှိ ကြိုးတံတားတစ်စင်း၌ နေရာအချို့ ပျက်စီး သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျီခါးမြို့တွင် ဩဂုတ်လ(၃၁)ရက်နေ့
ညနေပိုင်းမှ စက်တင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းပြီး
ဝောင်ကျချောင်းရေ မြင့်တက်လာမှုကြောင့် ကျီခါး-ခင်မန်း ကားလမ်းမှ ဗန်လိုင်ကျေးရွာ သွားလမ်းပိုင်းရှိ
လူနှင့်ဆိုင်ကယ်ကူး ကြိုးတံတားမှာ ယနေ့ နံနက်ပိုင်းက
နေရာအချို့ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုးတံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်
နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်ထားသော အလျား(၂၀၀)ပေ၊ အနံ(၆)ပေရှိ လူနှင့်
ဆိုင်ကယ်ကူး ကြိုးတံတား ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားပျက်စီးရာ နေရာသို့ ကျီခါးမြို့ အုပ်ချုပ်ရေးမှူး
ဦးနေဇော်အောင်၊ ကျီခါးနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ထိန်လင်းဟန် ဦးဆောင်သည့်
ရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးမှူး ဦးကမ်းဆွင်းမုန် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့၀င်များ
ပူးပေါင်းကွင်းဆင်းခဲ့ပြီး ပျက်စီးသွားသော နေရာများအား လူနှင့်ဆိုင်ကယ် ယာယီဖြတ်သန်း
သွားလာနိုင်ရေးအတွက် ကျေးရွာဒေသခံ လူငယ်များနှင့် ပူးပေါင်းစီစဉ်
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ကျီခါး ပြန်/ဆက်)

No comments:
Post a Comment