Saturday, September 25, 2021

ထားဝယ်မြို့၊ တောင်ငူမြို့နှင့် ပုသိမ်မြို့တို့ရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက် ကုသမှုခံယူ နေသူများအားကြည့်ရှုအားပေး၊ ကျန်းမာရေးဝန်ထမ်းများအား စားသောက် ဖွယ်ရာများပေးအပ်

 

နေပြည်တော် စက်တင်ဘာ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့််ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအား ပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထား မှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအား ပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တာဝန် ထမ်းဆောင် လျက်ရှိသော တပ်မတော်သား ဆေးမှူး၊ ပါရဂူများနှင့် ကျန်းမာရေး ဝန်ထမ်းများအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment