Sunday, September 26, 2021

သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အစီအစဉ်

 

 

နေပြည်တော် စက်တင်ဘာ ၂၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချ ရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှ စတင်ရောင်းချလျက်ရှိပြီး ယနေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် အောက်ဖော်ပြပါ ဈေးနှုန်းများအတိုင်း ရောင်းချပေး သွားမည်ဖြစ်သည်-

  


 

 

စဉ်      အမျိုးအစား              ရန်ကုန်          မန္တလေး         နေပြည်တော်

(က)    Ronej                      ၁၁၂၂           ၁၁၆၇           ၁၁၆၂

(ခ)     ရိုးရိုးဒီဇယ်               ၁၁၁၇           ၁၁၅၂            ၁၁၅၇

(ဂ)     Premiumဒီဇယ်        ၁၁၂၄           ၁၁၅၉           ၁၁၆၄

သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးမည့် ဆိုင်အမည်နှင့် လိပ်စာကို အောက်တွင် ဇယားဖြင့် ဖော်ပြထားသည်။ ကျန်ရှိနေသော တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆက်လက်ရောင်း ချပေး သွားရန် စီစဉ်လျက်ရှိသည်။

စားသုံးသူပြည်သူများအနေဖြင့် စက်သုံးဆီများကို အထက်ပါဈေးနှုန်းများအတိုင်း ရောင်းချခြင်း မရှိဘဲ ဈေးနှုန်းမြှင့်တင်ရောင်းချနေသည်ကို တွေ့ရှိရပါကကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချ ရေးအသင်း ဖုန်း ၀၉-၄၂၁၀ဝ၆၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်းစဉ်






 

No comments:

Post a Comment