နေပြည်တော် စက်တင်ဘာ ၂
ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေး ရေးလုပ်ငန်းဖြစ်သည့် ပန်းခင်းစီမံချက်အကောင်အထည် ဖော်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ကို သတ်မှတ် ကာလ အတွင်း ပြီးစီးရန်လျာထားသည့် လုပ်ငန်းပမာဏပြည့်မီပြီးစီးအောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုကို ရပ်တန့်ခြင်းမျိုးမဟုတ်ဘဲ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာ၍ တတ်နိုင်သမျှနည်းလမ်း၊ ဖြစ်နိုင်ခြေရှိသမျှ လုပ်နည်း လုပ်ဟန်များ ရှာကြံကာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများ အနေဖြင့် နယ်မြေဒေသအလိုက် ဆောင် ရွက်ရမည့်အခြေအနေ များကို အသေးစိတ် ရေးဆွဲကာ သက်ဆိုင်ရာဒေသအာဏာပိုင် များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ထား ကြရန်လိုကြောင်း။
မဖြစ်မနေအရေးကြီး
ပန်းခင်းစီမံချက်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်သကဲ့သို့ ပြည်သူတစ်ဦး ချင်းအတွက်လည်း နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိခံစားနိုင်ပြီး လူမှုဘဝဆောင်ရွက်မှု တိုင်းတွင် မဖြစ်မနေအရေးကြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင် ဆောင်နိုင်မည့် အခွင့်အရေးတစ်ရပ် ဖြစ်သည့်အတွက် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ယခုဆောင် ရွက်ရမည့် လုပ်ငန်းပမာဏများသည့် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည် နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေစသည့် တိုင်းဒေသကြီး/ ပြည်နယ်လေးခု ၏ ဆောင်ရွက်ချက် များကို ဆွေးနွေးသွား မည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဆောင်ရွက် ချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားရန် စီစဉ်ထား ရှိကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကရင်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေ ဦးစီးမှူး များက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်း လိုအပ်ချက် များကို ဗီဒီယိုကွန့်ဖရင့်စနစ် ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးကြပြီး တင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/1386
Subscribe to
https://t.me/myanmarnewspaper
Subscribe to
https://t.me/gnlmon
Subscribe to MOI
No comments:
Post a Comment