Friday, September 24, 2021

(၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေ ကျပ်သိန်း ၁၀၀ လှူဒါန်း


ရန်ကုန် စက်တင်ဘာ ၂၃

ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ (၄၄)ကြိမ်မြောက် ရုပ်ရှင် သက်ကြီး ပူဇော်ပွဲအတွက် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန် မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အလှူငွေများကို ပြန်ကြားရေးဝန်ကြီး ဌာနကိုယ်စား ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးများနှင့် အမှုဆောင်များက လက်ခံရယူကြပြီး နာယကကြီးများက ကျေးဇူးတင် စကား ပြန်လည်ပြောကြား ခဲ့သည်။ လှူဒါန်းရရှိသော ငွေကျပ်သိန်း ၁၀၀ ကို အသက် ၇၀ နှင့်အထက် သက်ကြီးရုပ်ရှင် ပညာရှင် ၁၄၉ ဦးအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စီစဉ်မှုဖြင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်ဖြစ်သော အောက်တိုဘာ ၁၃ ရက် တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသွား မည်ဖြစ် ကြောင်းသိရသည်။

FDC

No comments:

Post a Comment