မြစ်ကြီးနား စက်တင်ဘာ ၂၆
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ ရွှေမိုးတောင် ဘုရားပရဝုဏ် အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာ လိုအပ်ချက်ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ယမန်နေ့က ဆောင်ရွက်ခဲကြောင်း သိရှိရသည်။
ရှေးဦးစွာ နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနား ကျေးရွာအုပ်စုရှိ ရွှေမိုးတောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ပရဝုဏ် အတက်/ အဆင်း လမ်းများရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ရှင်းလင်း ကောက်ယူခြင်း လုပ်ငန်းများကို ဝိုင်းမော်မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့နယ် အတွင်းရှိ ပရဟိတလူမှုကူညီ ရေးအသင်းအဖွဲ့များနှင့်အတူ တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက် ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူမှုကူညီရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး ကာ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တောင်သူများ စိုက်ပျိုး ရေးကဏ္ဍ ပြည့်မီစွာ ဆောင်ရွက်နိုင်ရေးနှင့် ဓာတ်မြေသြဇာဈေးနှုန်း ကြီးမြင့်လာမှုအပေါ် တောင်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရေးတို့အတွက် လိုအပ်သည့် ဓာတ်မြေသြဇာကို ပြည့်မီစွာဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ညှိနှိုင်အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ပြည်နယ်အတွင်း စိုက်ပျိုးလျက်ရှိသည့် မိုးစပါး၊ နွေစပါး စိုက်ဧက ၅ သိန်းကျော်အတွက် ဓာတ်မြေသြဇာ လိုအပ်ချက်ရှိသည့် အခြေအနေများ၊ တောင်သူများ ပြင်ပမှ ဈေးနှုန်းကြီး မြင့်စွာဝယ်ယူသုံးစွဲနေရမှု အခြေအနေများ၊ နိုင်ငံတော်မှ ထုတ်လုပ်သည့် ဓာတ်မြေ သြဇာများကို ဖြန့်ဖြူပေးသွားမည့် အစီအစဉ်များ၊ နိုင်ငံတော်မှ သတ်မှတ်သင့်သည့် နှုန်းထားနှင့် ပြည်နယ်၏ ဓာတ်မြေသြဇာ လိုအပ်ချက်ပေါ်အခြေခံ၍ ဝယ်ယူဖြန့်ဖြူးပေးနိုင်သည့် ပဏာမ သတ်မှတ်ရန် ကိစ္စရပ်များ၊ ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ သည့် စိုက်ပျိုးမြေဧကများအတွက် နိုင်ငံတော်မှ ဓာတ်မြေသြဇာအခမဲ့ ထောက်ပံ့ပေးနိုင်ရေးအတွက် စာရင်း ကောက်ယူ ထားရှိမှုနှင့် ဓာတ်မြေသြဇာလိုအပ်ချက် ပြည့်မီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာယူ တင်သွင်းရန် ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ဓာတ်မြေသြဇာလိုအပ်သည့် ပဏာမအပေါ် အခြေခံ၍ နိုင်ငံတော်မှ ထုတ်လုပ်သည့် ပုလဲဓာတ်မြေသြဇာများ မှာယူပြီး အနိမ့်ဆုံးဈေးဖြင့် တောင်သူများထံ ဖြန့်ဖြူးနိုင်ရေး၊ လိုအပ်သည့် ပဏာမအပေါ် တောင်သူများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေရေးအတွက် စနစ်တကျမှာယူ ဖြန့်ဖြူးပေးနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
No comments:
Post a Comment