Friday, September 24, 2021

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပြင်ဦးလွင်မှ မန္တလေးသို့ နိုင်ဇော်ထွန်း(၂၆)နှစ် မောင်းနှင် လာသည့် HINO TRUCK ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရစစ်ဆေးရှာဖွေရာ ဆပ်ပြာခွက် ၂,၃၁၀ ခွက်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၃ ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဉပဒေ အရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

 

No comments:

Post a Comment